အပိုင်း ၁၈

591 50 2
                                    

အညိုထိုနေရာတွင်ထိုင်နေလိုက်သည်မှာအတန်ကြာသည်အထိဖြစ်၏။ဆူပွက်နေသောသွေးများကြောင့် ထိုင်နေရာမှထရပ်လိုက်မိသည်။

အချစ်နှစ်ခုကြားမှာစစ်ဖြစ်ခဲ့လျှင်ဘယ်စစ်သည်နိုင်လိမ့်မည်နည်း။၅၂၈လား၁၅၀၀လား။သို့သော်အတ္တများပါဝင်နေသောစစ်သည်ဧကန်ရှုံးပေလိမ့်မည်။

အညိုထိုင်နေရာမှထရပ်လိုက်ကာ အနီးရှိမြင်းလှည်းတစ်စီးအားငှားလိုက်သည်။စိတ်၏ပူလောင်ခြင်းဒဏ်သည် လူ၏စိတ်တင်မဟုတ်ရုပ်ပိုင်းဆိုင်ရာကိုပါသက်ရောက်စေ၏။

“မြင်းလှည်းငှားချင်လို့ပါ...---ရပ်ကွက်၊အိမ်နံပါတ်---ကိုပါ”

မြင်းလှည်းမောင်းသည့်လူသည် အဆင်ပြေကြောင်းပြောပြီးသည်နှင့်အညိုကမြင်လှည်းပေါ်သို့တက်လိုက်၏။အညိုတက်ပြီးသည်နှင့်မြင်းလှည်းလေးသည်စတင်ထွက်ခွာလေသည်။

မြင်းလှည်းခွာသံများသည် အညို့အားအတိတ်ကိုသွားရောက်လည်ပတ်နေသည့် သံစဉ်တွေလိုပင်။ထိုသို့သွားရောက်မိလိုက်ချိန်တွင် အညို့၏စိတ်အားပို၍ တိုလာစေသည်။

မြင်းလှည်းလေးသည် အညိုတို့အိမ်ရှေ့သို့ရောက်သောအခါ တိကတည်းရပ်သွား၏။စိတ်တိုနေသောအညိုတစ်ယောက် မြင်လှည်းပေါ်မှဒုန်းဆင်လာသည်။ထို့နောက်မြင်းလှည်းခအားရှင်းကာ ခြံရှေ့၌ရပ်လိုက်၏။

“ဘာဘူ...ဘာဘူ...တံခါးလာဖွင့်ပေး”

ခြံစောင့်ကောင်လေးက အညို့၏ခေါ်သံကြောင့်ခြံတံခါးအားလာဖွင့်ပေးသည်။ခြံတံခါးပွင့်သွားသောအခါအညိုတစ်ယောက် ခြေလှမ်းကျဲများဖြင့် အိမ်ရှိရာသို့ဦးတည်သွားသည်။

အညိုအိမ်ထဲသို့ဝင်လိုက်ချိန်တွင် တံခါးပေါက်နှင့်နီးကပ်လျက်ရှိသော ဧည့်ခန်းမှုစကားပြောသံများအားကြားနေရ၏။အညိုဧည့်ခန်းထဲသို့ဝင်လိုက်သောအခါ ပြောလက်စစကားများအားရပ်ကာ အညို့ဖက်သို့လှည့်လာကြ၏။

“မောင်...မောင်တင်ကျော်နဲ့သွားတာ ပြန်လာတာကားသံမကြားတာလား...မောင်တစ်ယောက်ထဲပြန်လာတာလား”

မေမေသည် ခါတိုင်းဖက်ပို၍ချိုနေပြန်သည်။မည်သည့်အကြံများရှိ၍နေသည်မသိ။

ပန်းပန်ရင်နန်းဆန်တယ်Where stories live. Discover now