အညိုယနေ့မနက်တွင် စောစောနိုးမနေခဲ့။သို့သော်ယနေ့တွင် ကြီးကြီးမြကအညို့အား
ကိုမော်ရောက်နေသည်ဟူ၍ လာနှိုး၏။ကိုမော်အိမ်ကိုဘာကြောင့်ရောက်လာသနည်း။အညိုအိပ်ခန်းထဲကထွက်လာပြီး ကိုမော်ရှိရာသို့သွားလိုက်၏။ကိုမော့်စီရောက်ချိန်တွင် ကိုမော့်မျက်လုံး၌ မျက်ရည်များကိုအညိုတွေ့လိုက်ရသည်။။လက်ထဲ၌လည်း သတင်းစာတစ်ဆောင်အားကိုင်ထား၏။
“ကိုမော်...ခဏစောင့်ပါအုံး အညိုမျက်နှာသစ်အုံးမယ်”
ကိုမော်ကခြံထဲကကွတ်ပြစ်ပေါ်၌သွားထိုင်၏။အညိုလည်း အိမ်နောက်ဖေး၌မျက်နှာအမြန်သစ်ကာ ကိုမော့်စီသို့ ပြန်လာခဲ့၏။
အညိုထိုနေရာသို့ရောက်ချိန်တွင် ကိုမော်ကအညို့လက်ကောက်ဝတ်မှဆွဲကာ တစ်နေရာသို့ အညို့အားဆွဲခေါ်သွားသည်။ကိုမော်၏လက်ကြမ်းများကြောင့်အညို့လက်များပင်နာကျင်နေရပါပြီ၏။
“ကိုမော်...အညို့ကိုဘယ်ခေါ်သွားမလို့လဲ...အညို့လက်တွေနာနေပြီ”
“ခဏလေးပါအညိုရယ်...ခဏလေးပါ”
ကိုမော်၏အသံမှာမာကျောခြင်းမဟုတ်တိမ်ဝင်နေသည်။လက်ဆွဲထားသည်ကိုဖယ်ပေးရန် ပြောသော်လည်း ကိုမော်က လွှတ်မပေးချေ။ကိုမော်ကလည်း အညိုပြောသည်ကိုဂရုမစိုက်သယောင်ရှိ၏။
ရွာလမ်းတစ်လျှောက် ရွာသူ၊ရွာသားများ၏ ကြည့်မှုကြောင့်အညိုရှက်လှပါပြီ။သို့သော်ကိုမော်သည်ယခုချိန်ထိ ဘယ်ကိုသွားနေသည်မှန်းအညိုမသိ။
ကိုမော်အညို့အားခေါ်လာသည်က လူခြေတိတ်ဆိတ်သော ရွာထိပ်တစ်နေရာသို့ခေါ်လာခြင်းဖြစ်၏။ရွာထိပ်မှသစ်ပင်ကြီး၏ ခြေရင်းသို့ရောက်မှ အညို့လက်အား ကိုမော်ကလွှတ်ပေးသည်။
“အညို့ကို ဘာလို့ဒီကိုခေါ်လာတာလဲ”
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့်
ကိုမော်သည်အညို့အားတင်းကြပ်နေအောင်ဖက်လာ၏။အညိုအသက်ရှူပါကြပ်ချင်လာသည်။မျက်ရည်များပင်ဝဲတက်လာခဲ့၏။
YOU ARE READING
ပန်းပန်ရင်နန်းဆန်တယ်
Romanceပန်းလေးတွေကလှကြတယ် သူတို့နဲ့လိုက်ဖက်တဲ့သူနဲ့ဆို ပို၍လိုက်ဖက်လှသည်။