အပိုင်း ၁၆

557 45 2
                                    


အညို့အား ဘူတာထိကိုမော်လိုက်ပို့ပေး၏။ကိုမော်နှင့်အညိုသည် ပြန်မဆုံတော့မည့်သူများနှယ်တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်နေမိသည်။

“အညို...ကိုမော်မင်းကိုရွာထိပ်ကအပင်အောက်မှာဘဲအမြဲမျှော်နေမယ်နော်”

“ကိုမော်မျှော်နေပါ...အညိုအမြန်ပြန်လာခဲ့မယ်”

အညို့ရင်ထဲ၌တစ်ခုခုအား ကြိုတင်ဖြစ်မည်ကိုသိနေသည့်နယ်ရင်ထဲ၌လေးလံနေ၏။ရထားသည် ကိုမော်နှင့်အညို့အားနှုတ်ဆတ်နေခြင်းကိုပင်မကြိုက်သည့်နယ် ရထားသည်စထွက်ရန်ပြုနေလေပြီ။

“ရထားထွက်တော့မယ်”

ရထားပေါ်သို့အညိုတက်ပြီးချိန်၌ ပြတင်းပေါက်မှကိုမော့်အားမြင်နေရ၏။ရထားသည်အညိုတက်ပြီးသည်နှင့်စတင်ထွက်ခွာလေသည်။

“ကိုမော်မျှော်နေမယ်...အညို”

ကိုမော်၏ပြောသံမှာတိမ်ဝင်နေသည်မှာသိသာလွန်းလှသည်။အညိုကိုမော်နှင့်ဝေးရမှာကိုသိပ်ကြောက်နေမိ၏။

ရန်ကုန်သို့နောက်ရက်မနက်တွင်ရောက်၏။အစီစဉ်မရှိဘဲရောက်လာသည်မို့ ဘူတာသို့လူကြိုမရှိပါ။ထို့အတွက်ကြောင့်မြင်းလှည်းငှားကာအိမ်သို့ပြန်ခဲ့ရသည်။

အိမ်ရှေ့သို့ရောက်ချိန်တွင် မြင်းလှည်းပေါ်မှအညိုတစ်ယောက်ဆင်းလာသည်။အညိုတစ်ယောက်မြင်းလှည်းခအားရှင်းကာ ခြံတံခါးအားဖွင့်ပေးရန်အော်ခေါ်နေ၏။ခဏအကြာခြံစောင့်ဦးလေးကြီးကခြံတံခါးလာဖွင့်ပေး၍အညိုတစ်ယောက်အိမ်ထဲသို့ဝင်ခဲ့၏။

ခြံထဲသို့ဝင်ဝင်ခြင်းတွင် ကားတစ်စီးတွေ့သည်မို့ ဧည့်သည်ရောက်နေသည်မှန်းအညိုခန့်မှန်းမိ၏။သို့သော်အညို၏ သောကများကြောင့်အိမ်ထဲသို့ဒုန်းဝင်လာခဲ့၏။

ဧည့်ခန်းထဲသို့ဝင်လိုက်ချိန်တွင် ဖေဖေ၊မေမေ၊မမြိုင်နှင့်အသက်ခပ်ကြီးကြီးလူကြီးတစ်ယောက်၊မိန်းမကြီးတစ်ယောက်နှင့်မိန်းမပျိုလေးတစ်ယောက်ထိုင်နေ၏။

အညိုဝင်လိုက်သည်နှင့်ထိုလူများက အညို့အားကြည့်လာ၏။ထို့နောက်မေမေနှင့်သူစိမ်းမိန်းမကြီးကအညို့အားပြုံးကာကြည့်လာသည်။

ပန်းပန်ရင်နန်းဆန်တယ်Where stories live. Discover now