အညိုဒီနေ့ အခန်းထဲ၌အလုပ်ရှုပ်နေခဲ့သည်။အလုပ်ရှုပ်နေရသည့်အကြောင်းမှာ ခရီးသွားစရာရှိ၍ အဝတ်ထုပ်ပြင်နေရခြင်းဖြစ်၏။အညိုအိမ်မှာမနေချင်မှန်းသိ၍ မမြိုင်က အကြံတစ်ခုပေးခဲ့သည်။ထိုအချိန်က မမြိုင်နှင့်ကြီးကြီးမြတို့က အညို့အခန်းထဲ၌ အညိုနှင့်အတူတူ ရှိနေခဲ့ကြသည်။
“ဒီလိုလုပ်ရအောင်အညို ကြီးကြီးမြက ကျောက်ပန်းတောင်းဇာတိနော်”
မမြိုင်ကကြီးကြီးမြကို လှမ်း၍မေး၏။
“ဟုတ်တယ်လေ သမီးမြိုင်”
“အဲ့ဒါဆို ကြီးကြီးမြက ရွာပြန်မယ်လုပ်လိုက် အညိုကကြီးကြီးမြနဲ့ရွာကို အလည်လိုက်သွားမယ်ပြောပေါ့ အကယ်၍ အညိုလိုက်ဖြစ်လို့ ကျောက်ပန်းတောင်းမှာမနေချင်အုံးတော့ မမြိုင်အသိညောင်ဦးမှာရှိတယ် သူတို့အိမ်မှာလည်း သူတို့သားတစ်ယောက်ထဲနေတာလေ ကျောက်ပန်းတောင်းနဲ့ညောင်းဦးဆိုတာဝေးမှမဝေးဘဲ အညိုနေချင်တဲ့စီနေပေါ့”
“သမီးမြိုင်အကြံမဆိုးဘူး”
“အညိုလေ မမြိုင်နဲ့ကြီးကြီးမြကို တကယ့်ကိုကျေးဇူးတင်ပါတယ်”
အညို ကြီးကြီးမြနှင့်မမြိုင်၏ လက်အားဆုပ်ကိုင်ကာလှိုက်လှိုက်လဲလဲ ကျေးဇူးတင်စကားဆိုမိ၏။
ညနေလောက်တွင် ထမင်းစားခန်းထဲ၌ ဖေဖေရယ်၊မေမေရယ်၊မမြိုင်၊ကြီးကြီးမြနှင့် အညိုဘဲရှိသည့်အချိန်တွင်ကြီးကြီးမြက ထိုအကြံအား စခဲ့သည်။မခိုင်ကတော့မနွယ်တို့ လင်မယားနဲ့အပြင်လိုက်သွားသည်။
“မောင်မှိုင်းသာကို ဒေါ်ဒေါ်ခွင့်တောင်းစရာလေးရှိလို့ကွယ့်”
“ဘာများလည်း ဒေါ်ဒေါ်မြ”
“ဒေါ်ဒေါ်ရွာခဏပြန်မလို့ပါ ဒေါ်ဒေါ့်အစ်ကိုနာမကျန်းဖြစ်လို့တဲ့”
“အော်...ဒေါ်ဒေါ်မြရယ် ကျန်းမာရေးဘဲ ပြန်လို့ဖြစ်ပါတယ်”
“ကြီးကြီးမြက ပြန်တော့မှာလား ..မြိုင်တို့တော့ ပျင်းနေတော့မှာဘဲ”
“ခဏတင်ပါကွယ်”
“ကြီးကြီးမြ အညို့ကိုကတိပေးထားတာ မှတ်မိသေးရဲ့လား”
YOU ARE READING
ပန်းပန်ရင်နန်းဆန်တယ်
Romanceပန်းလေးတွေကလှကြတယ် သူတို့နဲ့လိုက်ဖက်တဲ့သူနဲ့ဆို ပို၍လိုက်ဖက်လှသည်။