အပိုင်း ၁၇ (၂)

496 42 1
                                    

စိတ်၏ပူလောင်ခြင်းဒဏ်သည် မည်မျှပင်ကြာမြင့်ပါစေ မပျောက်ကင်းနိုင်ပါ။

အညိုကိုဆန်းမော်နှင့်နောက်ဆုံးတွေ့ခဲ့ခြင်းမှာ လွန်ခဲ့သော၃လအကြာကဖြစ်၏။ဒီ၃လအတောအတွင်း ကိုမော်အညို့ကိုစိတ်နာသွားပုံရ၏။အညို့အား ဆက်သွယ်ခြင်းပင် မပြုလုပ်ခဲ့ပါ။

အညိုထို၃လအတွင်း အိမ်ထဲ၌သာအချိန်ကုန်နေခဲ့၏။ယနေ့တွင် အညိုစိတ်ကြည်ရန်အတွက်ခြံထဲဆင်းရန် အခန်းအပြင်သို့ထွက်လာခဲ့သည်။ခြံထဲဆင်းရန်အလုပ်တွင် တံခါးမကြီး၌ဖေဖေကရပ်နေကာ အိမ်ရှေ့ခြံတံခါးရှိရာသို့ကြည့်နေသည်။

“ဖေဖေ...ဘာဖြစ်နေတာလဲ အိမ်ရှေ့မှာလည်းဆူညံဆူညံနဲ့”

“ဘယ်ကကောင်လဲ မသိပါဘူးမောင်ရယ် ခြံရှေ့ရစ်သီရစ်သီလုပ်နေလို့ ပြောဆိုပြီးလွှတ်နေတာ”
(အဲ့ခေတ်ကသားလို့မသုံးဘဲ မောင်လို့သုံးခဲ့တယ်ထင်လို့ပါဗျ)

ဖေဖေရှေ့ကအညိုကျော်သွားမည်အပြု ဖေဖေကအညို့လက်အားဖမ်းဆွဲကာတားလိုက်၏။

“မောင်အခုဘယ်သွားမလို့လဲ”

“ခြံထဲဆင်းပြီး လမ်းလျှောက်မလို့ဖေဖေ”

“နောက်ရက်မှ အပြင်ထွက်ပါကွယ်...ဖေဖေမောင်တင်ကျော်ကို ခေါ်ပေးပါမယ် မောင်အပြင်သွားချင်ရင်”

“ဒီနေ့ခြံထဲကိုဘဲ လမ်းလျှောက်မှာလေ”

“နောက်ရက်မှလျှောက်ပါမောင်ရယ် အခုရက်ပိုင်းခြံရှေ့ကိုသူစိမ်းတွေရစ်သီရစ်သီလုပ်နေတယ် အဲ့ဒါမောင့်ကိုတစ်ခုခုလုပ်လိုက်မှာကြောင့်ပါ”

ဖေဖေကပြောပြောဆိုဆိုနှင့် အညို့အားဆွဲကာအညို့အခန်းရှေ့သို့ဆွဲခေါ်လာသည်။

နောက်ရက်

မနေ့ကဖေဖေပြောထားသည့်အတိုင်း အညို့အားအပြင်သွားရန်ကိုတင်ကျော်လာခေါ်ပေး၏။ကိုတင်ကျော်သည် မျက်ခုံးခပ်ထူထူ၊အသားခပ်ဖွေးဖွေးနှင့်အရပ်မှာအတော်အသင့်မြင့်၏။ကိုတင်ကျော်သည် ဖေဖေ၏မိတ်ဆွေတစ်ဦး၏သားလည်းဖြစ်သည်။

“အညိုအခုဘယ်သွားချင်လဲ”

“ကိုတင်ကျော်အဆင်ပြေမဲ့နေရာသာသွားပါ”

ပန်းပန်ရင်နန်းဆန်တယ်Where stories live. Discover now