မနက်တွင် ထိုလူ နွားလှည်းတစ်စီးဖြင့် အိမ်ရှေ့သို့ရောက်လာသည်။အစကထွက်မတွေ့ဖို့ လုပ်ထားသော်လည်း ကြီးကြီးမြက နှစ်ကြိမ်၊သုံးကြိမ်မက လာခေါ်သဖြင့် အညိုထွက်တွေ့ရ၏။အည်ို အိမ်ပေါ်ထပ်မှဆင်းလာစဉ် ထိုလူက အိမ်အောက်ထပ်မှနေ၍ အညို့အား ပြုံး၍ကြည့်နေ၏။ထိုအပြုံးများက ထိုလူ့ဆီမှ အညိုမလိုလားသောအရာတွေထဲကတစ်ခုပါဘဲ။ထိုလူ၏အပြုံးများသည် အမြဲတမ်းအညို့အားဆွဲဆောင်နေ၍ဖြစ်သည်။
"ခင်များ ဘယ်လိုရောက်လာတာလဲ"
"ဟာ ကိုမော် ပုဂံလိုက်ပို့ပေးမယ်လို့ပြောထားတယ်လေ"
"အညိုလိုက်မယ် မပြောလိုက်မိပေါင်"
"ဟာ ရောက်နေပြီမှတော့မှ လိုက်သာလိုက်ခဲ့ပါတော့ကွာ"
"ခင်များကိုကြောက်လို့ အညိုမလိုက်ပေါင်"
"ကိုယ်ကတိပေးပါတယ်ကွာ ယုံပါကိုယ်မင်းလေးကို ဘာမှမလုပ်ဘူး"
အညို ထိုလူ့ကို မယုံသင်္ကာဖြင့် အကြည့်လွှတ်လိုက်ပြီး ပုဂံသို့လည်း အမှန်သွားရမည်ဖြစ်ပြီး ထိုလူရမ်းကားက သူနှင့်မလိုက်လျှင် ဇွတ်တရွတ်လုပ်လာမည်ကိုလဲ စိုးရိမ်မိသဖြင့် အတွေးများနေရ၏။ နောက်ဆုံးတွင်တော့ အညို ထိုလူရမ်းကားနဲ့သာလိုက်သွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်၊ ထိုလူက အညို့ကို ဘာမှမလုပ်ဟု ကတိခံထားသည် မဟုတ်လား။
ထိုလူ့ကို ခဏစောင့်နေခိုင်းပြီး အညိုအိမ်ထဲသို့ပြန်ဝင်ခဲ့သည်။မနေ့က အညို့ပိုက်ဆံလမ်းတွင် ကျပျောက်ဆုံးသွားသည်ထင်ခဲ့ရာမဟုတ်၊ ကြီးကြီးမြအိမ်တွင်ကျန်နေခဲ့၍တော်သေးသည်။ အညို အဝတ်အစား အနည်းငယ်နဲ့ ပိုက်ဆံအချို့တို့ကို အိတ်ထဲတွင်ထည့်၍ အိမ်အောက်သို့ တဖန်ပြန်ဆင်းလာခဲ့သည်။ထိုစဉ် ကြီးကြီးမြက
"အညိုလေး"
"ဗျာ ကြီးကြီးမြ"
"အိမ်ရှေ့ကလူက ဟိုနေ့ကလူမဟုတ်လား"
"ဟို...ဟုတ်ပါတယ်ကြီးကြီးမြ"
"အညို နောက်တစ်ခါ အညို့ရဲ့ပျော်ရွှင်မှုတွေ တစ်ပါးသူကြောင့် ပြန်မပျောက်ကွယ်စေချင်ဘူးကွယ်"
YOU ARE READING
ပန်းပန်ရင်နန်းဆန်တယ်
Romanceပန်းလေးတွေကလှကြတယ် သူတို့နဲ့လိုက်ဖက်တဲ့သူနဲ့ဆို ပို၍လိုက်ဖက်လှသည်။