Part 1

46.4K 1.4K 42
                                        

U+Z

သူ့အတွက် ဒီအလုပ်တွေက ပုံမှန်လုပ်နေကျ အလုပ်တွေပါပဲ။ မနက် whistle သံကြားတာနဲ့ သံတိုင်တွေကြားက အားလုံးထွက်ပြီး ပြေးရသည်။ ပြီးတာနဲ့ ဒီအထဲမှာကျင်လည်ရတဲ့ တာဝန်တွေကို ကိုယ်စီယူရသည်။

"အမှတ်စဉ် ၁၀၂၅ မနက်စာ တာဝန်ယူရမယ်"

"ဟေး...."
"ငါတို့တော့ ဒီနေ့ဝဝလင်လင်စားရပြီ ကောင်လေး"

တစ်ဖက်ဝိုင်းက ဝဝဖိုင့်ဖိုင့်လူကြီးတွေက သူတို့အခန်းထဲက နံပါတ်စဉ်ကောင်လေးကို လှမ်းအော်ကြသည်။ သူတို့အဖွဲလှမ်းအော်လိုက်ချိန်မှာတော့ တစ်ဖက်က အသက်အရွယ်ငယ်သေးတဲ့ကောင်လေးက အိုကေဆိုတဲ့ ပုံစံလေးလက်ကိုဝိုင်းပြသည်။

"ဒီကောင်လေး လူသတ်ခဲ့တာရော ဟုတ်ရဲ့လားမသိဘူး"

"ကျုပ်လဲ မဖြစ်နိုင်ဘူးလို့ ထင်နေတယ်"

"အေးလေ သနားတော့ သနားပါတယ် ကျောင်းတက်ရမယ့်အရွယ်မှာ ထောင်ထဲလာနေရတယ်လို့"

"သတ္တဝါတစ်ခု ကံတစ်ခုပေါ့ကွာ ဒီအချိန်မှာဒီလိုဖြစ်ရမယ့်ကံပါလာတာကို"

"ဟား...ဇိုးကြီးဆီက အသံထွက်လာတာကဘာတဲ့ သတ္တဝါတစ်ခုကံတစ်ခု ဟား..."

သူတို့ဝိုင်းမှား အားလုံးကထရယ်တော့သည်။ တခြားအုပ်စုတွေက သူတို့အုပ်စုဘက်ကို ကြည့်နေကြသည်။ အထဲမှာလည်း သူတို့အားလုံးကကိုယ့်အုပ်စုနဲ့ကိုယ်ဖြစ်ကာ ရန်သွားစလို့မရပေ။ တစ်စကိုရန်စမိရင် တစ်ဖွဲ့လုံးပါလာတော့တာဖြစ်သည်။

အမှတ်စဉ် ၁၀၂၅ ကတော့ မနက်စာကိုတစ်ဖွဲ့ပြီးတစ်ဖွဲ့လိုက်ထည့်ပေးနေရသည်။ သူက မနက်စာတိုင်းကို တာဝန်ယူထားရတာဖြစ်ပြီး အထဲမှာသူ့ကိုအနိုင်ကျင့်တဲ့သူတော့မရှိ။ အနိုင်ကျင့်တဲ့သူမရှိရအောင်လည်း အပြင်မှာရှိတဲ့ သူ့ရဲ့ဦးလေးဖြစ်သူက တာဝန်ယူပေးထားတာကြောင့်ဖြစ်သည်။ မိသားစု မရှိဘူးလားဆိုရင် မိသားစုမှ ပြောပြလို့မရအောင် ကြီးကျယ်ခမ်းနားတဲ့မိသားစုကို ပိုင်ဆိုင်ထားသည်။ သို့ပေမယ့် ဒီလိုဖြစ်လာတဲ့အချိန်မှာတော့ သူ့ကိုမျက်နှာလွဲခဲပစ်လုပ်ထားကြသည်။ မိသားစုကဂုဏ်သိက္ခာကို အရမ်းဂရုစိုက်တဲ့သူတွေဖြစ်ကာ ဒီကိစ္စမှာတောင် လာကြည့်ချင်းမရှိပဲ သူတို့မိသားစုက ဥပဒေတွေကို အလွဲသုံးစားမလုပ်ပါဘူးဆိုတာကိုပြသချင်တာကြောင့် လျှောက်လွှဲချက်တွေမရှိပဲ ဥပဒေအရစီစဉ်ခဲ့စေသည်။ တကယ်တမ်းအမှန်ကဘာလဲဆိုတာကို သူတို့ဆက်ပြီး စုံစမ်းစစ်ဆေးခြင်းမရှိပဲ ဒီသားတစ်ယောက်ကို အကျဉ်းကျခံစေသည်။ အားလုံးအမြင်မှာ သူတို့မိသားစုက သန့်ရှင်းစင်ကြယ်တဲ့ မိသားစုအဖြစ်ကို မြင်တွေ့စေသည်။ 

ပြန်လည်မွေးဖွားပြီးနောက် ဇာတ်လိုက်ပြောင်းသွားသည် (Yaw&Yarr)Where stories live. Discover now