U+Z
ချိန်း သူ့အလုပ်ကိုကားမောင်းပို့လိုက်ရင်း သူ့ကိုကြည့်နေတာက တစ်လုပ်ဖြစ်နေသည်။ ပိတ်ရက်တုန်းက သူ့အိမ်ကပြန်လာပြီး ညနေအပြင်ပြန်ထွက်တဲ့အချိန် ကိုကြီးနဲ့တွေ့ဖြစ်ကာ စကားပြောဖြစ်သည်။ ရာရာမင်းထင်ကို နောက်ထပ်အဲ့ဒိလိုမျိုးတွေလုပ်ရင် သူနဲ့ရှင်းရတော့မယ်လို့ ပြောခဲ့တော့ မဖြစ်စေရဘူးလို့တော့ ကတိပေးသည်။ ဒါပေမယ့် လွှတ်ထားလို့မဖြစ်။ ကိုကြီးအကြောင်းသူပဲအသိဆုံး။
"အပြင်ထွက်ရင် အဖော်တစ်ယောက်ခေါ်နော်"
"အင်းပါ ငါသိပါတယ်"
"ဖုန်းဆက်"
"အင်း သွားပြီ"
"နေအုန်း"
မင်းထင်လုပ်ငန်းစု အဆောက်အဦးဝန်းထဲ ကားရပ်ထားရင်း အပြင်ထွက်ဖို့လုပ်နေတဲ့လူကို တားလိုက်ကာ ဆက်တိုက်နမ်းဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံကိုနမ်းလိုက်၏။ သူ နမ်းပြီးမှ ခေါင်းက ဟိုဘက်ဒီဘက်လှည့်သွားကာ မျက်လုံးကလဲပြူးလျက်သား။ လူမြင်မှာစိုးနေတာ။
"သွားမယ်ဆို"
"ဟင် အင်း"
ရာရာ ကြောင်တောင်တောင်ဖြစ်သွားပြီး သူပြောမှကားပေါ်ကဆင်းလိုက်မိသည်။ ရာရာကားပေါ်ကဆင်းသွားတာနဲ့ ယောဏသံမိန့်က မောင်းထွက်သွားတော့သည်။ ရာရာ အလုပ်စောစောလာပြီး ဟိုရက်ကစာရင်းကမပြီးပြတ်လိုက်တဲ့ကိစ္စကို ပြီးပြတ်အောင်အရင်လုပ်နေလိုက်သည်။
"morning ရာရာ၊ အစောကြီး အလုပ်တွေလုပ်နေတာလား"
"ဟုတ် morning"
အလုပ်ထွက်မယ့်ကိစ္စ မသီရိကိုပြောရင် စိတ်မကောင်းဖြစ်အုန်းမှာ ရာရာ ကြိုသိနေသည်။ ဒါပေမယ့် အလုပ်ကလည်းမထွက်လို့မဖြစ်ဆိုတော့...
"မသီရိ ရာရာ ပြောစရာရှိလို့"
"အင်း လာလေ"
"ဟို ရာရာ အလုပ်ထွက်မှ ဖြစ်တော့မှာ အဲ့ဒါ...."
ချက်ချင်း မျက်နှာမကောင်းဖြစ်သွားတာကြောင့် ရာရာ ဘာဆက်ပြောရမလဲတောင် မသိတော့ပေ။
"အလုပ်က ထွက်မှဖြစ်မှာလား"
"ဟုတ်တယ်။ ရာရာလည်း မထွက်ချင်ပါဘူး။ အခုက မထွက်လို့မဖြစ်လို့ပါ"
