Part 15

3.3K 327 13
                                    

U+Z
[Happy Valentine's Day!! my sweeties]

"ဒီနေ့ ဖေဖေ့ဆီ သွားအုန်းမယ်"

"အင်း"

"မင်းရော လိုက်ခဲ့နော်"

"ညနေမှ မလား"

"အင်း"

မနေ့ညက ယောင်ပြီးငိုနေသူမဟုတ်တော့ပဲ ဒီမနက်ရောက်တော့ သူထပ်ပြီးငိုတဲ့ကိစ္စကို မသိချင်ယောင်ဆောင်နေသည်။ ရှိုက်ကြီးတငင်ငိုနေပြီးတော့ ဘာမှမဖြစ်ဘူးဆိုတာ ဖြစ်နိုင်လို့လား။ မေးမှာစိုးလို့ သူနဲ့မျက်လုံးချင်းကိုမဆုံ။

"လာအုန်း"

"အလုပ်သွားတော့မှာ"

အဝတ်အစားလဲပြီး အပြင်ထွက်ဖို့ကြိုးစားနေသူကို ချိန်း နောက်ကနေခါးကိုဖက်ကာ မပြီးကုတင်ပေါ်တင်လိုက်သည်။

"နောက်ကျနေပြီ"

"လိုက်ပို့မယ်"

ရာရာ စွေကြည့်လိုက်မိတော့သည်။ မေးလာရင် ဖြေဖို့အဖြေမရှိလို့ ရှောင်နေပါတယ်ဆိုမှ လူကိုချောင်ပိတ်ပြီး မေးဖို့ကြံစည်နေသည်။

"ဘယ်ကိုဆင်းပြေးတာလဲ"

"မင်းနော် အနိုင်မကျင့်နဲ့လွှတ်"

"ဘာဖြစ်တာလဲ ပြောမှ လွှတ်မယ်"

"ဘာမှမဖြစ်ဘူး"

ရာရာ့ကိုအတင်းဆွဲပြီး နောက်ကနေချုပ်ကာ ဖက်ထားသည်။ သူလုပ်တာနဲ့ ရုံးဝတ်သွားမယ့် အင်္ကျီတွေလဲ ကျေကုန်ပြီလား မသိ။

"လွှတ် အင်္ကျီတွေကျေကုန်ပြီ"

"အဲ့ဒါဆို ခင်များ ဘာဖြစ်တာလဲ ပြောလေ"

"ပြောပြလို့မရဘူး။ ပြောလဲ ယုံမှာမဟုတ်ဘူး"

ရာရာ ပြောင်းရင်းသူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်သည်။ ယောဏသံမိန့်ကို ညကဖက်ငိုမိတဲ့အပြင် သူ့ရင်ခွင်ထဲမှာထပ်ပြီးအိပ်ပျော်သွားတာ ရာရာ သေသေချာချာမှတ်မိနေသည်။ ရာရာကိုယ်တိုင် ညအိပ်ကာနီး တစ်ဖက်ကပ်အိပ်ပေမယ့် နိုးလာရင်သူ့ရင်ခွင်ထဲ ရောက်ပြီးဖက်နေမိတာကို။ သူ ဖက်မိနေလဲ သူ့ကိုပြန်တွန်းထုတ်လိုက်ပါတော့လား။ ဘာဖြစ်လို့ သူကရော ကိုယ့်ကိုဖက်ထားလဲ။ ဟိုရက်တုန်းကလဲ အိမ်ပြန်ရင်း သူများနှုတ်ခမ်းတွေကို ဗိုလ်ကျသွားသေးတယ်။ အဲ့ရက်နောက်ပိုင်းမှာ သူနဲ့မျက်လုံးချင်းဆုံမိရင် ကိုယ့်မှာဖိန်းတိန်းရှိန်းတိန်းနဲ့။ အဲ့ဒိနောက်ပိုင်းမှာ လူကိုနည်းနည်းချင်းဆီ ဗိုလ်ကျနေတဲ့ ယောဏသံမိန့်။

ပြန်လည်မွေးဖွားပြီးနောက် ဇာတ်လိုက်ပြောင်းသွားသည် (Yaw&Yarr)Hikayelerin yaşadığı yer. Şimdi keşfedin