U+Z
ဖျားနေတဲ့သူက လုံးဝမပျောက်သေးတာကြောင့် သူ့ကိုဂျီကျနေသည်။ ဆန်ပြုတ်တိုက်တော့လဲ မကြိုက်ပါဘူးဆိုပြီး ဂျီကျကာ ဆိတ်ဆွဲတော့၏။ အခုလဲ ချိန်းမှာ သူမှီထိုင်နေတဲ့ဘေးမှာ ထိုင်ကာဆန်ပြုတ်ပန်းကန်လေးကိုင်ပြီး တိုက်ဖို့လုပ်တာကို မသောက်ချင်ဘူးငြင်းနေသည်။ ဆန်ပြုတ်မှ မသောက်ရင်လဲ အမာစာကကျွေးလို့မရတော့ ချော့တိုက်နေရတာဖြစ်သည်။
"ကျုပ်တစ်ကိုယ်လုံးမှာ မင်းဆိတ်ဆွဲတဲ့အရာတွေကြီးပဲ အဲ့ဒါရောသိလား"
သူပြောလိုက်တော့ လူကိုမျက်လုံးလှန်ကြည့်လာပြီး နှုတ်ခမ်းကစူထွက်လာတော့သည်။ ချိန်း စူထွက်လာတဲ့ နှုတ်ခမ်းတစ်စုံကို ကိုက်ပစ်တော့ မှီရာကိုထပ်ဆိတ်တော့၏။
"ဆန်ပြုတ်သောက်ရအောင် စိတ်မဆိုးတော့နဲ့။ နေကောင်းမှ စားချင်တာစားလို့ရမှာ"
"အဲ့ဒါဆို ကြေးအိုးသောက်လို့ရတယ်လေ ကြေးအိုးမှာပေး"
သူသောက်ချင်တာနဲ့က အဆင်ပြေနေတော့ လူကိုပူဆာတော့သည်။ ချိန်း နောက်ဆုံးတော့ ကြေးအိုးမှာပေးရတော့၏။ ကြေးအိုးရောက်တော့ ချိန်း ပြင်ပေးပြီးအခန်းထဲယူလာပေးရသည်။ သူကြိုက်တာကျွေးတော့ ကောင်းကောင်းမွန်မွန်စားသည်။
"အင်း"
....
"အိမ်ကိုလာခဲ့လိုက် ကိုယ် မလာနိုင်သေးဘူး"
ချိန်း PA ကလက်မှတ်လိုတယ်လို့ဖုန်းဆက်လာတာကြောင့် အိမ်ကိုပဲလာခိုင်းလိုက်သည်။
"မင်းသွားလို့ရတယ်လေ"
"ခင်များမှ နေမကောင်းတာကို"
"ရပါတယ်"
"မရဘူး ပြီးရင်အနားမှမနေလို့ဆိုပြီး ဆိတ်အုန်းမယ်"
ရာရာ သူ့ကိုဘာမှမပြောပဲထားလိုက်တော့သည်။ ဖျားလို့ပျောက်ခါစကို ကြေးအိုးလေးသောက်လိုက်ရတာကြောင့် ရာရာ အကြိုက်တွေ့နေ၏။
"ကြေးအိုးကို အဲ့လောက်ကြိုက်ရလား"
"အင်း"
ရာရာ ဖြေလိုက်ရင်း မုန့်ညှင်းဖတ်လေးနဲ့ ကြာဇံလေးကိုတူနဲ့လိမ်ပတ်ကာ စားလိုက်သည်။ ချိန်းကတော့ တရှူးရှူးနဲ့သောက်လိုက်စားလိုက်လုပ်နေတဲ့သူကိုကြည့်မိနေသည်။ ဒီလိုလှတဲ့လူက သူမြင်ခဲ့တဲ့ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့လူလား။ တကယ်ပဲ အဲ့ဒိလူက ရာရာမင်းထင်ဆိုရင် ကိုကြီးကဘာဖြစ်လို့ အဲ့လိုဖြစ်အောင်လုပ်ခဲ့တာလဲ။ ကျန်းမာရေးမကောင်းတာက ဘာဖြစ်တာလဲ။ တကယ်ကိုတိတိကျကျ မသိခဲ့ဘူး။ ချိန်း သိခဲ့တာတစ်ခုက ကိုကြီးရဲ့အဲ့ဒိအိမ်ထဲမှာ လူတစ်ယောက်ကိုသူသွားကယ်ခဲ့ပေမယ့် သူ့အတွက် တရားမျှတမှုမရှိခဲ့ဘူးဆိုတာပါပဲ။
