Part 12

19.6K 1.1K 19
                                        

U+Z

ချိန်း နိုးလာတာနဲ့အိပ်ရာက ထဖို့လုပ်လိုက်သည်။ ညက သောက်ထားတဲ့အရှိန်နဲ့ ပြန်ရောက်ပြီး ရေချိုးပြီးတာနဲ့ တန်းအိပ်လိုက်တာ။ အိပ်ရာထဖို့လုပ်ပေမယ့် ပိနေသလိုခံစားရတာကြောင့် ကိုယ်ပေါ်ကစောင်ကို ဖယ်လိုက်ကာ ထဖို့လုပ်လိုက်၏။ ဘယ်လိုလုပ်လုပ်သူ့ကိုယ်တစ်ခြမ်းက ပိနေတာကို သူခံစားမိနေကာ မျက်လုံးဖွင့်ကြည့်မိတော့၏။ သူ့ရဲ့ညာဘက်အခြမ်းကို အပိုင်စားယူထားတဲ့ ရာရာမင်းထင်။ ညာဘက်လက်မောင်းကိုခေါင်းတင်ထားကာ ဘေးစောင်းနေသူက သူရင်ဘတ်ကိုပါးအပ်ထားသည်။ မျက်နှာတင် သူ့ကိုယ်ပေါ်ရောက်နေတာမဟုတ်ပဲ ခေါင်းထောင်ကာအောက်ကိုကြည့်လိုက်တော့ သူ့ခါးပေါ်မှာ ခြေထောက်တစ်ချောင်း။ လက်တစ်ဖက်ကပါ ရင်ဘတ်ပေါ်တင်ပြီး ဖက်ထားသေးတာ။ နေပါအုန်း ညကအိပ်တော့ ဟိုဘက်နဲ့ဒီဘက်ကို အခုမနက်မှ ဘယ်လိုဖြစ်ပြီး ဒီလိုပူးသွားရတာလဲ။ အခုကပူးသွားတဲ့အဆင့်တောင်မဟုတ်ပဲ သူ့အပေါ်ကိုအားလုံးနီးပါး တင်ထားတာမဟုတ်ဘူးလား။ တစ်ကိုယ်လုံးမတက်ရုံတမယ်။ ချိန်း ပါးတစ်ဖက်ကိုပုတ်လိုက်တော့ သူ့ရင်ဘတ်ကို ပါးနဲ့ပွတ်ကာပြန်အိပ်ဖို့လုပ်၏။ ဒီလူ တော်တော်အိပ်နိုင်တာ။

"ဟေ့!"

အင်း....

သံရှည်စွဲကာ သူ့ရင်ဘတ်ကိုတင်းတင်းကြပ်ကြပ်ထပ်ဖက်လာပြီး အောက်မှာရှိတဲ့ခြေထောက်နောက်တစ်ချောင်းကပါ အပေါ်တင်လာတော့၏။ ခါးပေါ်ကရှိပြီးသားခြေထောက်တစ်ချောင်းနဲ့ပူးကာ ခြေထောက်နှစ်ချောင်းလုံးကသူ့ဂွကြားထဲကိုထည့်လာ၏။ ချိန်း အံကြိတ်လိုက်တာကြောင့် မေးရိုးတွေထင်းကနဲ။ ရာရာမင်းထင်ဆိုတဲ့လူက အန္တရာယ်ရှိတဲ့ယောက်ျားတစ်ယောက်နဲ့အိပ်နေတာကိုရော သိရဲ့လား။

"ဟေ့! ရာရာမင်းထင်"

"ဟင်..."

ရာရာ သူ့နာမည်ခေါ်သံကြားတာကြောင့် ထူးလိုက်ပေမယ့် မျက်လုံးဖွင့်မကြည့်သေးပဲ ဆက်အိပ်ဖို့လုပ်လိုက်သည်။ သူ့ဘဝက ကိုရောင်နီဦးလက်ထဲက လွတ်မြောက်သွားပြီဆိုတာ သိလိုက်ရတာနဲ့အတူ စိတ်ချသွားကာ ရာရာ အားလုံးပေါ့ပေါ့ပါးပါးပါးဖြစ်သွားတော့သည်။ အိပ်ကောင်းခြင်းနဲ့လဲ အိပ်ရတော့၏။ အခုဆိုဘယ်လောက်အိပ်လို့ကောင်းလိုက်လဲ။ ရာရာတွေးလိုက်ရင်း ပြုံးလိုက်မိသည်။ ပြီးမှ သူ့နာမည်ခေါ်တာကို သတိရသွားကာ မျက်လုံးဖွင့်ကြည့်လိုက်တော့၏။ ဟင်! သူကဘယ်လိုဖြစ်လို့ ယောဏသံမိန့် အပေါ်ကိုခြေတွေလက်တွေအားလုံး ပစ်တင်ထားရတာလဲ။ ပြီးရော တင်ထားတဲ့ခြေထောက်ကိုပြန်ချဖို့ရာရာ မလှုပ်ရဲဖြစ်နေသည်။ သူ့ခြေထောက်တွေက ဘယ်လိုဖြစ်လို့ ယောဏသံမိန့် ဂွကြားထဲထည့်ထားမိတာလဲမသိ။

ပြန်လည်မွေးဖွားပြီးနောက် ဇာတ်လိုက်ပြောင်းသွားသည် (Yaw&Yarr)Where stories live. Discover now