U+Z
"သမီးလေး...မအိပ်သေးဘူးလား"
ချိန်း သမီးကိုပွေ့ချီပြီး အခန်းထဲမှာလမ်းလျှောက်ကာချော့သိပ်နေတာဖြစ်သည်။ သမီးပါးပါးက သမီးကိုအရင်ချော့သိပ်ပေးပြီးသွားပြီဖြစ်ကာအိပ်ပျော်နေပြီဖြစ်ပြီး ချိန်း အလုပ်ပြီးတာနဲ့မအိပ်ခင် ပုခက်ထဲကသမီးကိုသွားကြည့်လိုက်တော့ မျက်လုံးလေးပြူးနေတာကြောင့် ပုခက်ထဲသမီးကိုပွေ့ချီကာ ချော့သိပ်နေတာဖြစ်သည်။ သမီးက ပြန်နိုးလာတာကို မသံမပေးပဲခဏငြိမ်နေသေးတာ။ ဗိုက်သိပ်မဆာတာကြောင့်လဲ ပါမှာပေါ့။
"ဒယ်ဒီ့သမီးက နေ့နဲ့ည မှားနေတာလား ဟုတ်လား"
သမီးက ပါးစပ်လေးဟကာ သူ့ကိုကြည့်နေရင်း စကားတွေပြောနေတာကြောင့် သမီးကိုအသည်းယားကာ ချိန်း နမ်းပစ်လိုက်သည်။
"အဲ့!"
"ဒယ်ဒီ့အသည်းယားလို့ နမ်းလိုက်တာပါကွာ။ သမီးက ငိုတော့မှာလား"
ရာရာ အိပ်မှုန်စုံမွှားဖြစ်နေရင်း စကားပြောသံကိုနားထောင်နေတာ။ မျက်လုံးကိုမှေးပြီးဖွင့်ကြည့်ပြီး သမီးကိုပွေ့ထားပြီး ယောက စကားပြောနေတာ။ နံရံပေါ်ကနာရီကို လှမ်းကြည့်မိတော့ ၁ နာရီခွဲနေပြီ။ ဒါကို သမီးကိုပိုက်ထားပြီးစကားပြောနေတာတဲ့လေ။ သမီးရဲ့ခြေထောက်လေးကလည်း လှုပ်လှုပ်,လှုပ်လှုပ်နဲ့။ သမီးမအိပ်ပဲစကားပြောနေလို့ကတော့ သူ့ဒယ်ဒီလောက်အသည်းယားမယ့်သူရှိမှာမဟုတ်။ ဒီလိုသာနှစ်ယောက်ကိုလွှတ်ထားရင် ဘယ်အချိန်မှ အိပ်မလဲ မပြောတတ်။
"ယော.."
"ဟင် ပါးပါးနိုးလာပြီ"
ရာရာ ထထိုင်လိုက်တော့ သမီးကိုချီလျက်သားနဲ့ရာရာ့ဘေးကိုရောက်လာ၏။
"သမီး ဘယ်အချိန်ထဲက နိုးနေတာလဲ"
"ကိုယ် အလုပ်ပြီးတော့ သမီးကိုကြည့်လိုက်တာ နိုးနေတာ"
"အဲ့ဒါကိုမသိပ်ပဲစကားပြောနေတော့ သမီးကအိပ်ပါ့မလား"
ရာရာ သမီးကိုပြောင်းချီလိုက်ပြီး သိပ်ဖို့လုပ်ရသည်။
"နို့တိုက်လိုက်သေးလား"
"မတိုက်ရသေးဘူး။ ကိုယ်ဖျော်လိုက်မယ်"
