Part 31

20.2K 925 10
                                        

U+Z

"ဖိုးဖိုးကြီး"

အိမ်ထဲကို အသံစာစာ စာစာလေးနဲ့ဝင်လာတဲ့ မြေးမ။ အသားဖြူဖြူလေးကို ဂါဝန်ရဲရဲလေးဆင်ထားတော့ ချစ်ဖို့အလွန်ကောင်းနေသည်။ ဆံပင်ရှည်လေးကိုလည်း တစ်လွှာစည်းပေးထားပြီး ထိပ်မှာဖဲပြားလေးတပ်ပေးထားပြီး ခြေအိတ်အဖြူလေးနဲ့ရှူးဖိနပ်အနက်လေးနဲ့ဆိုတော့ မြေးမက ဘိုမလေးကျလို့။

"မြေးမက ဖိုးဖိုးဆီလာလည်တာလား"

"ဟုတ်ကဲ့ ပါးပါး"

"ပါးပါး လဲပါတာပေါ့"

"ဟုတ်ကဲ့"

နောက်ကလိုက်ဝင်လာတဲ့သူ့ပါးပါးကိုလက်ညှိုးလှမ်းထိုးပြသေးတာ။ ဦးမင်းထင်မြေးမနဲ့ထိုင်နေတော့ မြေးက သူ့ပါးပါးဆီပြန်ပြေးကာ သူ့ပါးပါးလက်ထဲက အထုတ်တစ်ထုတ်ကိုပိုက်လာပြီး

"ဖိုးဖိုးတွက်"

သူ့အတွက် ဝယ်လာတာပေါ့။ သူပါးပါးဆီက အထုတ်ကိုယူပြီး သူ့လက်ထဲကိုလာထည့်တာ။

"မြေးမက ဖိုးဖိုးဆီမှာ ထမင်းစားသွားမှာ မလား"

"ဟုတ်တယ်"

"ခင်နှင်း"

"ဟုတ်ကဲ့ ဘဘကြီး"

"မြေးမ ရောက်နေတယ်။ မြေးမအတွက် နေ့လယ်စာ စီစဉ်ပါအုန်း"

ရာရာ သမီးဘေးဝင်ထိုင်ကာ သမီးအင်္ကျီလန်နေတာလေး ဆွဲချပေးရသည်။ ဖေဖေက သမီးအတွက် နေ့လယ်စာကို ချက်ပေးဖို့ ခင်နှင်းကိုမှာနေသည်။

"ဖေဖေ မမရော"

"သူတို့လင်မယားတွေ အပြင်သွားတယ်"

"ဪ"

"မြေးမ မြေးမ ဒယ်ဒီမပါဘူးလား"

"ပါဘူး ဒယ်ဒီ အလုပ်လုပ်"

ရာရာ သမီးကိုဖေဖေနဲ့ထားခဲ့ပြီး နောက်မှာဘာတွေချက်လဲ ဝင်ကြည့်လိုက်သည်။

"ခင်နှင်း ဘာတွေချက်နေတာလဲ"

"ကိုလေး သမီးအတွက် ပုစွန်တုတ်လေးနှပ်ပေးမလို့ ကိုလေး၊ အစ်ကိုလေးရော ဘာစားချင်လဲ"

"ရတယ် သမီးအတွက်ပဲ လုပ်လိုက်"

"အစ်ကိုလေးတို့ မိသားစု ပျော်နေမှာနော် သမီးလေးကလည်းချစ်ဖို့ကောင်းနေတာပဲ"

ပြန်လည်မွေးဖွားပြီးနောက် ဇာတ်လိုက်ပြောင်းသွားသည် (Yaw&Yarr)Donde viven las historias. Descúbrelo ahora