အခန်း (၄)

1.2K 112 9
                                    

- ပန်းမြူရိပ် - အခန်း (၄) New GL Fic

အခန်း (၄)

"ရင်မောရချည်ရဲ့ တေးရယ်။ ဟိုက တရော်ကင်ပွန်းနဲ့တောင် ပြန်ဆေးချပစ်နေတဲ့ဥစ္စာ ။ သူက နင့်ကိုမွေးစားခဲ့တဲ့သူလေ။ နင် သူ့ကို မကြောက်ဘူးလား"

ညီရိုးရာ ဝင်မေးတာကို မြူတေး တွေးတွေးဆဆလေး ဖြေတယ်။

"နည်းနည်းတော့ ကြောက်တယ်။ ကြောက်တယ်ဆိုတာထက် တစ်စုံတစ်ခုကို ရှိန်သလို ခံစားရတာ။ ဒါပေမယ့် သူ့ကို စတွေ့တုန်းက ငါ့သွေးခုန်နှုန်းတွေ တစ်မျိုးကြီးပဲ ။ သူ့ ကျောပြင်လေးကို ငါ အကြာကြီးငေးနေခဲ့မိတာ။ သူ့မျက်နှာကို တွေ့လိုက်ရတော့လည်း ငါ မျောသွားသလိုပဲ။ သေချာတယ် ငါ သူ့ကို စိတ်ဝင်စားတယ် ညီ"

"ဒါနဲ့ နင့် တစ်ဘဝလုံးမှာ သူ့ကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာမို့လား"

"မဟုတ်ဘူး နှိုင်း၊ ဒီမတိုင်ခင်က တစ်ကြိမ် မြင်ဖူးခဲ့သေးတယ်။ လျှပ်တပြက်ပဲ။ ဒါပေမယ့် သူ့ နားရွက်အောက်နားက jowl line ပေါ်က မှဲ့နက်လေးကို ငါ မှတ်မိနေတယ်။ သူ့ကိုတွေ့ပြီး မကြာခင်မှာပဲ ငါ့ဘဝရဲ့အပြောင်းအလဲကြီး စ ဖြစ်ခဲ့တာ"

"သြော်။ ဟင် ဒါဆို နင် သူ့ကို ကလေးဘဝကတည်းက တွေ့ခဲ့ဖူးတာပေါ့"

"ဟုတ်တယ်"

"နင် မပြောနဲ့ ငါတို့တောင် စိတ်ဝင်စားလာပြီ။ နင့်မိဘတွေနဲ့ အဲ့ဒီ အန်တီကြားမှာ ငါတို့မသိရတဲ့ အကြောင်းကတော့ ရှိမယ်ထင်တယ်"

"သေချာတာပေါ့။ ငါ့ကို ဘာတွေထိန်ချန်ထားကြလဲ မသိဘူး"

"နင်က သူ့ကို မမေးမိဘူးလား"

"သူက မေးပါဆိုလို့ မေးမိတာ ဘာပြန်ဖြေတယ်ထင်လဲ။ ဖြစ်ရမှာမို့လို့ ဖြစ်သွားတယ်လို့ပဲ မှတ် တဲ့"

"သြော်"

"သူ ထပ်ပြောတာက ပိုရင့်တယ်။သူက ဒီလို လုပ်နိုင်တဲ့သူမို့လို့တဲ့။ကဲ ကြည့်စမ်း။ ငါ့တစ်ဘဝလုံးကို သူ့အပိုင်၊သူ့အဆိုင် လိုမျိုး စီမံပစ်လိုက်တာ"

"အင်း ဒါပေမယ့် တေး။ သူ့တစ်ဖက်တည်းမတွေးနဲ့။ နင့်​မိဘတွေဖက်ကလဲ တစ်ခုခု ရှိနေနိုင်တယ်လေ"

ပန်း မြူ ရိပ် Where stories live. Discover now