အခန်း (၉)

1K 100 2
                                    

အခန်း (၉)

မြူတေးမောင်မောင်က ပြောစရာရှိတယ်ဆိုလို့ အမြန်ပြီးအောင် ပြင်ဆင်လိုက်တယ်။ ကျွန်မ မျက်နှာမှာ ဘာမှ Night Cream တောင် မလိမ်းတော့ပဲ အိမ်နေရင်း ချည်ထည် ထဘီနဲ့ လက်ပြတ်အင်္ကျီလေးပဲ ဝတ်လိုက်တယ်။ ဆံပင်ရှည်တွေကိုတောင် ခဏတဖြုတ်ပဲ dryer မှုတ်ပြီး ဧည့်ခန်းဆီထွက်လာခဲ့တယ်။တကယ်တော့ ဒီကောင်မလေးနဲ့ ကြာကြာမတွေ့ချင်သလို သူနဲ့ကျွန်မကြားမှာ ပြောစရာစကားလည်း တိတိပပ ရှိမနေခဲ့။

အချိန်က ည ၈ နာရီလောက်တောင်ရှိရော့မယ်။ ဧည့်ခန်းထဲရောက်တော့ တွေ့ပါပြီ၊ ကျွန်မကို ထိုင်စောင့်နေပုံရတဲ့ မြူတေးမောင်မောင်။သူနဲ့ မျက်နှာချင်းဆိုင် ဆိုဖာမှာ ကျွန်မ ဝင်ထိုင်လိုက်တယ်။ ကျွန်မတို့ကြားမှာ ဧည့်ခန်းထဲက ကျွန်းစားပွဲတစ်ခု ခြားနေတယ်။

"ပြော"

ကျွန်မကို စေ့​စေ့စူးစူး ကြည့်နေတဲ့ သူ့ကို ကျွန်မကပဲ စပြီး စကားဆိုလိုက်တယ်။ တော်ရုံနဲ့ မြူတေးမောင်မောင် စကားမပြောသေးဘူး။ တအောင့်ကြာတော့မှ

"အန်တီ့ကို ချစ်တယ်"

"ဘာပြောတယ်"

ကျွန်မ နားထဲမှာ ဒိန်းခနဲပဲ။ ပြောမယ့်ပြောတော့လည်း ဘယ်လို စကားကို ပြောချပစ်လိုက်သလဲသာကြည့်။
ဒီမျက်လုံးတွေဟာ ကျွန်မမျက်နှာဆီမှာ စိုက်ကျနေတုန်းပဲ။ တစ်ချက်မှ ရွေ့မသွား။

"အန်တီ့ကို မောင် ချစ်တယ်"

လေသံက တစ်ချက်မှ နောက်တွန့်မသွားပဲ ထပ်ပြောတယ်။

"ပြန်ပြောကြည့်စမ်း"

"အန်တီ့ကို မောင် ချစ်တယ်"

ပထမတော့ ကျွန်မ ဒေါသစိတ်ဖြစ်မိတယ်။ နောက်တော့ အဲ့ဒီဒေါသက အေးစက်မှုကိုကူးပြောင်းသွားပြီး ဟာသတစ်ခုလို လွင့်ပြယ်သွားတယ်။

"ဘာတဲ့။ ချစ်တယ်၊ ဟုတ်သလား။ ဟားဟား၊ ရယ်ရတယ်၊ မြူတေးမောင်မောင်"

ကျွန်မရဲ့ ရယ်သံနဲ့ပြောတဲ့စကားကို ကျားနာတစ်ကောင်လို သူ မလွှတ်တမ်း ကြည့်နေတယ်။

"ငါ အချိန်မရှိဘူး။ မင်းက ပြောစရာရှိတယ်ဆိုလို့ လူတစ်ယောက်ကို လေးစားပေးတဲ့အနေနဲ့ ငါခွင့်ပြုတာ။ ငါ့ကို နောက်နောင် ဒီလို အဓိပ္ပါယ်မရှိတဲ့ စကားမျိုး ဘယ်တော့မှ လာမပြောနဲ့"

ပန်း မြူ ရိပ် Where stories live. Discover now