အခန်း (၅)

1.1K 105 0
                                    

အခန်း (၅)

ပန်းချီကားက ဆာရီရယ်လစ်ဇင် မဟုတ်ပဲနဲ့ ပန်းချီကားဆီက ဆာရီရယ်ဆန်တဲ့ ခံစားမှုမျိုးကို ကျွန်မ ရတယ်။ ကျွန်မတစ်ယောက်တည်း ဒီလို ခံစားရသလား။ ဒီပန်းချီကားကို တခြားကြည့်ရှု့သူတွေမြင်ရင်ရော ဘယ်လိုခံစားရမလဲ မသိဘူး။

ကျွန်မ အတွက်တော့ ဒီပန်းချီကားက ဆွဲညို့ခံထားရတဲ့ အာရုံကို ပေးတယ်။ ကြာကြာကြည့်မိရုံနဲ့ တိတ်ဆိတ်မှုထဲကို ရောက်သွားသလို ဖမ်းညို့ခံရတယ်။ ပြင်ပ ပတ်ဝန်းကျင်ကနေ ပန်းချီကားရဲ့ ပတ်ဝန်းကျင်ထဲရောက်သွားရသလိုမျိုးထိ အသက်ဝင်လွန်းတယ်။

ပန်းချီဆရာနာမည်နဲ့ သင်္ကေတ တစ်ခုခုကို ရှာကြည့်တော့ ကားရဲ့ထောင့်စွန်းလေးမှာ TM ဆိုတဲ့ အင်္ဂလိပ် အယ်ဖာဘက်ကို ပန်းစာလုံးသဖွယ် ဖော်ပြထားတာကိုတွေ့ရတယ်။ ပန်းချီကားရဲ့ အချက်အလက်ကို ရှာကြည့်တော့ Title က "လွင့်မျော" ဖြစ်ပြီး Not For Sale တဲ့။ ဒါ့အပြင် ဘာမှထပ်မတွေ့တော့။ အချိန်တော်တော်ကြာတဲ့အထိ ဒီပန်းချီကားရှေ့မှာ ကျွန်မ ရပ်ကြည့်နေမိခဲ့တယ်။ ပြခန်းမှာ လူလည်းအတော်များလာတယ်။

လွှာ့ဆီ ကျွန်မ ရောက်သွားတော့ ထိုင်ခုံမှာ ထိုင်စေပြီး ကျွန်မသောက်လေ့ရှိတဲ့ ကော်ဖီကို အသင့်တွေ့ရတယ်။

"မောသွားလား မောင်။ ညောင်းနေရော့မယ်၊ ထိုင်"

"ပန်းချီကားတွေထဲ မျောနေရင်း မောတောင်မမောဘူးကွယ်"

"ရော့၊ ကော်ဖီသောက် မောင်၊ ဟိုမှာဆို ပြည်ပ လက်ရာတွေနဲ့ ပိုပြီး အဆင့်မြင့်တဲ့ အနုပညာ ဖန်တီးမှုတွေကို တွေ့ရမှာပေါ့"

"ဒီလိုလည်း ဘယ်ဟုတ်မလဲ လွှာ၊ မြန်မာ့ပန်းချီလက်ရာကလည်း တို့စိတ်ကို အရမ်း လေးနက်တဲ့ ကျေနပ်မှုမျိုး ပေးတယ်။ ပြည်ပ က ဂယ်လာရီတွေမှာ ဗယ်စရယ် တွေ အင်စတော်လေးရှင်းတွေ ကို လေ့လာကြည့်ရှု့ခွင့်ရပေမယ့် တခါတလေဆို မြန်မာ့ ပန်းချီလက်ရာနဲ့ လက်မှုပညာ အရသာတွေကို အရမ်းဆာဆာလောင်လောင်တွေ့ချင်တဲ့အခါမျိုးလည်း ရှိတယ် သိလား။ အဲ့ဒီအချိန်တွေဆို တို့လေ၊ မြန်မာ အနုပညာလက်ရာမွန်တွေကို အင်တာနက်ပေါ်က တွေ့သလောက် ရှာကြည့်ရတာ"

ပန်း မြူ ရိပ် Where stories live. Discover now