အခန်း (၁၃)

907 89 0
                                    

အခန်း (၁၃)

"ဘာလဲ။ အားငယ်နေတာလား"

"မငယ်ပေါင်။ ငါ့ရူပါ ငါသိသား"

"အမယ်လေး။ ဟုတ်ပါတယ်ရှင်။ ကျွန်မတို့ သူငယ်ချင်းက စမတ်ကျတဲ့၊ တည်ကြည်တဲ့ မိန်းမချောလေးပါရှင့်။ အဟင်းဟင်း"

သုံးယောက်သား ရယ်မိကြတယ်။

"ငါက ငါ့ရုပ်ရည်နဲ့ရော၊ ဒီမှာ ဒီနေရာက ခုန်နေတဲ့ကြွက်သားနဲ့ရော အန်တီ့ကို ကြွေအောင် ပြုစားမှာ"

မြူတေးက သူ့ဘယ်ဘက်ရင်အုံကို လက်ညိုးနဲ့ထောက်ပြတယ်။

"ဟုတ်ပါပြီ၊ မှတ်သားလောက်ပေတယ်"

"ဒါနဲ့ ဒီတစ်ခေါက် ငါနယ်ပြန်ဖြစ်ရင် နင်တို့နှစ်ယောက်လုံး အလည်လိုက်ခဲ့ကြရမယ်နော်"

"ဘယ်တော့ပြန်ဖြစ်မလဲ"

"အတိအကျတော့ မဆုံးဖြတ်ထားရသေးဘူး ညီ"

"ငါက အားတာများပါတယ်။တေးမောင်နဲ့ပဲ သေချာ အချိန်ညှိရမယ်"

"ဘာဖြစ်ဖြစ် ငါတို့သုံးယောက်လုံး အားမယ့်အချိန်မျိုးကို ရွေးမှာပေါ့။ ပြန်ဖြစ်ဖို့ကလည်း လိုပါသေးတယ်"

တုနှိုင်းက အခါသမယတွေမှာ နယ်ပြန်ပြီး မိဘတွေကို ကန်တော့လေ့ရှိတယ်။ မြူတေးနဲ့ ညီရော သုံးယောက်လုံး အလည်သဘောမျိုး သွားကြမယ်လို့ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတယ်။

"နင့်အိမ်ကရော ဘယ်လိုလဲ ညီ"

"အင်း ငါက ဟိုတစ်ခါပြောခဲ့သလိုပဲ။အိမ်မှာပြန်ကူရမှာပေါ့။ ငါ့ဖားသားကြီး နားပြီး သူ့ရှယ်ယာအစု ငါ လွှဲယူရမှာ "

"ကောင်းတာပါပဲ"

မြူတေးမောင်မောင်တို့ သုံးယောက်က ပန်းချီပြခန်းတစ်ခုမှာ ဆုံပြီး သိကျွမ်းခဲ့ကြတယ်။ မှတ်မှတ်ရရ ပန်းချီကား တစ်ကားတည်းကို ဝယ်သူနှစ်ယောက်ရှိနေတဲ့ အနေအထားနဲ့ ဆုံခဲ့ကြတာ။အဲ့ဒီ ဝယ်သူနှစ်ယောက်က တုနှိုင်းနဲ့ ညီရိုးရာပေါ့။ညီရိုးရာကို ပွဲစီစဥ်သူတချို့က ပန်းချီပြပွဲမှာ ဓာတ်ပုံ ရိုက်ဖို့ ငှားလို့ ရောက်လာခဲ့တာ။ အဲ့ဒီလိုနဲ့ ဆုံခဲ့ကြပြီး နောက်ပိုင်းမှာ online ဆက်သွယ်မှုတွေ ​ရှိသွားခဲ့ကြတယ်။ အဲ့ဒီကနေ သုံးယောက်သား တဖြည်းဖြည်း ပိုရင်းနှီးလာခဲ့ကြပြီး အပြင်မှာတွေ့ကြတဲ့အထိ ခင်မင်လာခဲ့ကြတယ်။ရင်ဘတ်ချင်းတူ၊ဉာဏ်ရည်ချင်းမျှကြတဲ့ သူတွေအနေနဲ့ လက်တွေ့ဘဝထဲထိ ချစ်ခင်ခဲ့ကြတဲ့ တကယ့်လူရင်းတွေဖြစ်လာကြတယ်။

ပန်း မြူ ရိပ် Where stories live. Discover now