အခန်း (၁၂)

964 88 0
                                    

အခန်း (၁၂)

"ငါ့ကလေးအရွယ်လောက် ရှိတဲ့သူရဲ့ စော်ကားမှုတွေ၊မလေးမစား အထိအတွေ့တွေကို ငါ ဘယ်နှခါ ခံနေရဦးမလဲ ဟမ်။ မင်း ပြောစမ်း။ ငါ့စကားတွေ နားမဝင်ဘူးလား။ ငါ့ကို ဒီလို မဆက်ဆံပါနဲ့လို့ မြူတေးမောင်မောင်"

ပြောဆိုရင်း အသံတွေ တုန်ရီ လှိုက်ခါလာရသူက ဒေါ်ပန်းရိပ်မောင်မောင်ဖြစ်လာတယ်။ ဒေါသတွေရော၊ ရှက်တာရော၊ သဘောမကျတာတွေ၊ ခံရခက်တာတွေရော အားလုံး ရောထွေးပြီး ဒေါ်ပန်းရိပ်မောင်မောင်ရဲ့ ရင်ဘတ်လေးဟာ အသက်ရှူလိုက်တိုင်း မို့မောက်တဲ့အထိ ပြင်းထန်နေတယ်။

"အန်တီ့ကလေးအရွယ် မဟုတ်ဘူးဆိုတာ အန်တီအသိဆုံးပါ။ အခု မောင့်အသက် ၂၀ ပြည့်ပြီ။ အန်တီက ၁၇ နှစ်နဲ့ ကလေးမွေးမလို့လား"

"မင်း၊ မင်း"

မြူတေးမောင်မောင်က အေးဆေးတဲ့ လေသံနဲ့ ပြောတဲ့အခါမှ ဒေါ်ပန်းရိပ် ပိုပြီး ခံပြင်းနေမိတယ်။ ဒေါသပိုထွက်လာပြီး စကားလုံးတွေအဖြစ် ပြောမထွက်တော့။

"ဘာပဲ ဖြစ်ဖြစ် ဒီနေ့ မောင့်ဆီ အန်တီရောက်လာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက အန်တီနဲ့ မေမေ့ရဲ့ ပတ်သက်မှုကို မောင့်ကိုပြောပြပါလို့ တောင်းဆိုပါတယ်"

"ဟားဟား၊ မင်း သိပ်ရယ်ရတာပဲ မြူတေးမောင်မောင်"

"ရယ်ပါ အန်တီ။ ခုန်နေတဲ့ နှလုံးစည်းချက်တိုင်းမှာ အန်တီ့ကို မေတ္တာသက်ဝင်နေတဲ့ မောင့်ကို ရယ်လိုက်ပါ"

"တော်စမ်းပါ မြူတေးမောင်မောင်ရယ်။ ငါ တစ်ခုပြောလိုက်မယ်။နောက်တစ်ခါ ငါ့ကို ထိပါး စော်ကားရင် ဒီအိမ်ပေါ်က မင်းဆင်း"

"မှတ်ထားလိုက်မယ် အန်တီ။ နောက်ပြီး အန်တီ မပြောနိုင်ဘူးဆိုရင် အန်တီတို့အကြောင်း မေမေ့ကို ကိုယ်တိုင်မေးရပါလိမ့်မယ်"

ဒေါ်ပန်းရိပ်ရဲ့ မျက်ဝန်းတွေထဲမှာ အရိပ်တချို့ဖြတ်ပြေးသွားပြီး နှုတ်ခမ်းပေါ်မှာ မဲ့ပြုံးတစ်ပွင့် ဖူးပွင့်လို့ သွားတယ်။

"စိတ်ပျက်ဖွယ်ပဲ"

ဒီစကားကို ဒေါ်ပန်းရိပ်မောင်မောင် ပီပီသသ ပြောခဲ့ပြီး အခန်းထဲဝင်သွားလေတော့တယ်။

ပန်း မြူ ရိပ် Where stories live. Discover now