အခန်း (၁၄)

975 101 0
                                    

အခန်း (၁၄)

"ငါ့အင်္ကျီစ ကို လွှတ်လိုက်တော့ မြူတေးမောင်မောင် ။ မှောင်လည်း မှောင်လာပြီ။ ငါအိမ်ထဲဝင်တော့မယ်"

"နေပါဦး ချီဂိုလေးတောင် မပြန်ချင်သေးဘူး။ မယုံရင်မေးကြည့်"

"မင်းနော်၊ လွှတ်"

"အန်တီနော်။ စိတ်မထိန်းနိုင်တော့ရင် မောင် အန်တီ့ကို ဖက်နမ်းလိုက်မိမှာ"

"ဘာ၊ မင်း ဒီအိမ်ပေါ်က ခေါင်းနဲ့ဆင်းချင်သလား"

"အဲ့ဒါကြောင့် အန်တီ့အသားကိုမထိတာပေါ့"

"ဖယ် ဖယ်၊ အဲ့သလို မလေးမခန့် ပြောတာတွေကို ငါ တကယ် မကြိုက်တာ"

"အတည်ပြောမယ်။ မိသားစုဝင်တွေဆိုတာ ဒီလို လစဥ် လိုအပ်တဲ့ ငွေကြေးတွေ ဖြည့်ဆည်းပေးရုံနဲ့၊ ချမ်းသာအောင် ထားပေးနိုင်ရုံနဲ့ မပြီးဘူးအန်တီရဲ့"

မြူတေးက ဒေါ်ပန်းရိပ်မျက်နှာလေးကို စူးစုးရှရှ စိုက်ကြည့်ပြီး ပြောနေတယ်။လက်ကလည်း အင်္ကျီစလေးကို ခပ်ဖွဖွလေး ဆွဲထားတုန်းပဲ။

"နွေးထွေးမှု၊ စာနာမှု၊ နားလည်ပေးမှု ဆိုတာမျိုးတွေ လိုအပ်တယ်"

"ဒါတွေ မသိဘူးထင်လို့ မင်းက ငါ့ကို ဆရာလုပ်နေတာလား"

"မဟုတ်ပါဘူး။ ဒါတွေထက်အရေးကြီးတာ ပြောမလို့"

"ပြောကြည့်"

"စိတ်လုံခြုံမှု"

"ဆိုတော့ မင်းက စိတ်မလုံခြုံသလို ခံစားနေရသလား"

"ဟင့်အင်း၊ အန်တီ ခံစားနေရတယ်ထင်လို့"

"ဘာရယ်"

"အဟင်း။ မဟုတ်ဘူးလား"

"မဟုတ်ဘူး"

မဟုတ်ဘူးလို့ ဖြေသံက မာဆတ်နေတယ်။ ဒေါ်ပန်းရိပ် တစ်ဆက်တည်း ထပ်ပြောတယ်။

"ငါ့ဘဝကို ငါ ယုံကြည်မှုအရှိဆုံးပဲ မြူတေးမောင်မောင်"

"ဒီလိုဆိုရင် ကောင်းတာပေါ့ အန်တီ။ ချစ်ခြင်းမေတ္တာကပေးတဲ့ စိတ်လုံခြုံမှုမျိုးကိုရော အန်တီ စိတ်ဝင်စားလား"

"စိတ်မဝင်စားဘူး"

ဒီအချိန်မှာ ဒေါ်ပန်းရိပ်ရဲ့ ဟမ်းဖုန်းလေးထမြည်လာတယ်။ ဖုန်းမြည်လာတယ်ဆိုပေမယ့် online audio call ဆက်သွယ်မှုမျိုးပါ။ဒေါ်ပန်းရိပ်က ဖုန်းကို အာရုံရောက်သွားတယ်။ မျက်နှာက အနည်းငယ်ပြုံးရိပ်သန်းသွားပြီး အေးဆေးလွန်းတဲ့အသံနဲ့ ဖုန်းပြောတယ်။

ပန်း မြူ ရိပ် Where stories live. Discover now