အခန်း (၁၆)

1.1K 101 2
                                    

အခန်း (၁၆)

မြူတေးမောင်မောင်က ကျွန်မတို့ကို စူးစိုက်ကြည့်နေတုန်းပဲ။ မြိုင့်လက်တွေကို ဖယ်ချပြီး ကျွန်မ ဒီနေရာက ထွက်လာမိတယ်။ တံခါးဝကိုရောက်တော့ မြူတေးမောင်မောင်က တံခါးကို ပိတ်လိုက်ပြီး ကျောမှီရပ်လိုက်တယ်။

"တံခါးဖွင့်ပါ၊ ငါ အပြင်ထွက်မလို့"

"နေကြပါဦး မေမေတို့ရဲ့၊ အဟက်!"

လှောင်ပြောင်တဲ့ အသံပေမယ့် လေသံက အေးစက်နေတယ်။ကျွန်မနဲ့ မြူတေးမောင်မောင်တို့ မျက်နှာ ချင်းဆိုင်ရက်သား ရပ်နေမိကြတယ်။ မြူတေးမောင်မောင်က ကျွန်မရဲ့ ပုခုံးတွေပေါ်ဖေးတင်နေတဲ့ ဆံနွယ်ရှည်တွေကို ကိုင်လိုက်ပြီး ကျောပေါ်ပို့လိုက်တယ်။

"မထိနဲ့ "

"အို၊ သမီး လူကြီးကိုဘယ်လိုလုပ်လိုက်တာလဲ"

မြိုင့်အသံကြားတော့ မြူတေးမောင်မောင်ရဲ့ အာရုံက
သူ့အမေဆီရောက်သွားတယ်။

"မြင်တဲ့အတိုင်းပဲပေါ့  မေမေ။ ဒါနဲ့ မေမေ့ကို သမီးမေးတဲ့ မေးခွန်းအတွက် စကားလုံးနဲ့ ဖြေစရာမလိုအောင် လက်တွေ့ သက်သေပြလိုက်တယ်ပေါ့။ အဲ့လိုလား"

"မြူတေးမောင်မောင်၊ နင်"

မြိုင့် လေသံက မာတင်းသွားပြီး မြူတေးမောင်မောင်မျက်နှာမှာလည်း မဲ့ပြုံးတွေ ထင်ဟပ်လို့။

"ဒါ လူကြီးတွေ ကိစ္စပါ သမီးရယ်။ ဒီအခြေအနေကြောင့် သမီးလေး မေမေ့ကို စိတ်ဆိုးရင် ဆိုးနိုင်ပါတယ်"

"နိုး၊ စိတ်မဆိုးဘူး။ ဒီလိုဆိုမှတော့ တစ်ခါတည်း ပြောလိုက်လို့ရတာပေါ့"

ကျွန်မ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ မကြားကောင်းတာတွေ ပြောချပစ်လိုက်မှာကို စိုးရိမ်စိတ်နဲ့ မြူတေးမောင်မောင်ရဲ့ မျက်နှာကို အလန့်တကြားကြည့်လိုက်မိတယ်။

"မေမေ သိလား၊ ဟောဒီက ဒေါ်ပန်းရိပ်မောင်မောင်ကို သမီးက"

"မြူတေးမောင်မောင်"

ကျွန်မ သူ့နာမည်ခေါ်ပြီး အလျှင်စလို တားမြစ်မိတယ်။

"မေမေ သေချာနားထောင်ပါ။ ကြင်နာနိုင်ကြတဲ့ သူတွေ နှစ်ယောက်လုံး နားထောင်ပါ"

ပန်း မြူ ရိပ် Where stories live. Discover now