လွမ်းတတ်မှန်းသိရက်နဲ့ 🥀 4

856 53 6
                                    

"အချစ်မပါတဲ့ အိမ်ထောင်ဟာမတည်မြဲတတ်တာသဘာဝပေမဲ့ ကျတော်ချစ်လွန်းလို့ တည်မြဲအောင်
ကြိုးစားနေရတာ ကိုကိုကလွဲအကုန်သိတယ် ဂျင်ယောင်း ယွန်းဂီယောင်းတို့ ရှေ့ဆက်ဖစ်ပါ့မလားလို့ မေးလာတဲ့အခါ ဘာမှမဖစ်သလို အဆင်ပြေကြောင်း
ပြောတဲ့အခါ သက်ပြင်းချတတ်တဲ့ ဂျင်ယောင်းရယ်
သနားစရာလူလို ကြည့်တတ်တဲ့ အကိုယွန်းဂီရဲ့အကြည့်တွေကို ဘာမှမဖစ်သလို ပြန်ပြုံးပြခဲ့တယ် ····

"ငိုမနေပါရစေနဲ့လို့ မပြောချင်ပေမဲ့

မဝေးရဲလို့ ဆွဲထားမိတဲ့

ခပ်ဖွဖွလက်တစ်စုံဟာ

နာနာကြည်းကြည်း ရိုက်ချလာတဲ့အခါ

ငိုမနေခဲ့ချင်ပေမဲ့ ငိုခဲ့ရပြန်တယ် ····

အဲ့တာအချစ်ရဲ့ ရလဒ်လားကိုကို ····"

ကိုကို ဟာ တနေ့တခြားဆိုးလာတယ် ညဘက်တွေအပြင်ထွက်လွန်းလာတယ် အပေါင်းအသင်းတွေအိမ်ခေါ်လာပီး မူးရူးနေတတ်တယ် အမြဲတမ်း ··အမြဲတမ်းလဲ မုန်းတယ်လို့ဆိုတတ်တယ် ····နီးစပ်လာမလား အထင်နဲ့ လိုအင်မှန်သမျှလိုက်လျော ပေးခဲ့တယ် ··သို့ပေမဲ့ ကိုကိုဟာ ခုထိ မုန်းနေဆဲ ·

"မုန်းနိုင်သလောက် မုန်းလိုက်စမ်း ကိုကို
သံသရာလည်နေသရွေ့ ဂျွန်ဂျောင်ကုက
နီးစပ်အောင်ကြိုးစားနေအုံး ··
ခွင့်လွှတ်တဲ့အထိ တောင်းပန်နေအုံးမာ
ဒူးထောက်ပေးမှ ခွင့်လွှတ်မယ်လို့
ကိုကိုကဆိုလာရင် ···စတွေ့ထဲက
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထိ
တိုးဝင်လာတဲ့နေ့ထဲက ဂျွန်ဂျောင်ကု
ပတ်ဂျီမင်ကို ဒူးထောက်ခဲ့တာလို့
ကျတော်ဖြေမာမို့ ···ကိုစိမ်းကားကြီး
မလုပ်ပါနဲ့လား ကိုကိုရယ် ···

"Candy အရသာ နှုတ်ခမ်းကလွဲ
ဘယ်လိုအခြေအနေမျိုးကိုမှ အဆင့်တက်မရ
strawberryတွေ အပြည့်ဝယ်ထားခိုင်းတယ်ကိုကို strawberry လို Candy တွေလို နှုတ်ခမ်းချိုလေးအားလွမ်းတဲ့အခါ သူတို့ကို များများစားဖစ်လာတယ် လူချင်းသာနီးခဲ့တာ စိတ်ချင်းကဝေးနေဆဲ ဝေးနေသေးတာမို့ အတူရှိနေလဲလွမ်းရတယ် ကိုကို က ရက်ရက်စက်စက်ပါပဲ·····

"အချစ်ပေါ့တာလားလို့မေးရင်

ဟင့်အင်း ပိုလွမ်းပီး ပိုချစ်လာတာလို့

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now