လွမ်းတတ်မှန်းသိရက်နဲ့ 🥀11

868 63 25
                                    


"မာန အာဃာသ အမုန်းတို့ဟာ
လူကိုတအိအိနဲ့ အဆုံးစီရင်ခြင်း
တမျိုးပဲလို့ရှေ့စာဆိုမာဖတ်ဖူးတယ်
ကျတော်ကျ မာန အာဃာသ အမုန်းတို့မပါပဲ
ကိုကို့ကို ချစ်တာတောင် ဘာလို့ကိုယ့်ကိုယ်ကို
အဆုံးစီရင်ခြင်းနဲ့ တူနေရတာလဲ ........

......................

​ခြံနောက်ဘက်ရှိ ကောင်လေးနှစ်ယောက်သည် နှစ်သိမ့်မှုများပီးသည့်အခါ အခန်းစီသို့ပြန်လာခဲ့ကြသည်...အခန်းသို့ရောက်သည့်အခါ ဂျောင်ကုက ရေချိူးနေပီး ဂျီမင်ကတော့ အိပ်ယာထက်ငုတ်တုတ်မေ့နေခဲ့သည်....

ဂျောင်ကုဘက်က ချစ်ကြောင်းတွေပြောလာတဲ့အခါ ဂျီမင်ဟာ အရင်လိုမငြင်းပဲ နှုတ်ဆိတ်သွားတတ်တာ ဘာကြောင့်မှန်းမသိ
မိဘတွေလွမ်းလို့ ငိုနေတဲ့ကလေးတယောက်ကိုသနားလို့ ဒီအခြေအနေမှာ သူမရုန်းမိတာလား ဒါမှမဟု ဘာခံစားချက်မှဖစ်မလာလို့ ဒီတိုင်းလေးအလိုက်သိနေလိုက်တာလား
ရင်ခုန်တာလား ရင်တုန်တာလား သူမသဲကွဲ
ယောင်းနဲ့တုန်းက ခံစားချက်နှင့် သူခုခံစားနေရသည့်ခံစားချက်သည် ကွဲပြားသည်...

ယောင်းနဲ့တွဲခဲ့တဲ့နှစ်အတွင်း စိတ်တွေသည်တိမ်လိုပေါ့ပါးသည် ဂျွန်ဂျောင်ကု ဂျွန်ဂျောင်ကုနဲ့ကျ သူ့စိတ်တွေ ဟာ လေးလံပီး ဘာမှမလုပ်ပဲ ဒီတိုင်းလေး လာကျီစားရင်တောင်
မောဟိုက်ဟိုက်ဖစ်ချင်လာသည်......
ကော်ဖီတွေမသောက်တတ်ပါဘူး သို့ပေမဲ့ကော်ဖီအသောက်များသွားသည့်သူတယောက်လို မောဟိုက်ကာ တုန်တတ်ချင်လာသည်......

"ကိုကို....... "

ရေချိုးခန်းကပြန်ထွက်လာတော့ အိပ်ယာထက် ငုတ်တုတ်လေးနှင့်အတွေးများနေပုံရသောကိုကိုဟာ ခေါ်သံကိုကြားမည်လဲမထင်ပါ....

"ကိုကိုလို့....."

"ဟမ်း ဂျောင်.... ဘယ် ဘယ်လိုဖစ်ပီး....."

အဝတ်အစားတို့အားမလဲသေးဘဲ တဘက်တထည်သာဝတ်ထားသောဂျောင်ကုသည် အိပ်ယာထက် ကုန်းကုန်းနှင့် တက်ကာ ကုတင်ထက်လက်​ထောက်၍ဂျီမင်မျက်နှာရှေ့ အနီးကပ်သွားခေါ်လေတော့ ဂျီမင်မှာ ပြာယာသွားရသည်....

"ကျတော့ယောကျားဂျီမင်ရှီက ဘာတွေအတွေးများ ......"

"ဂျောင်ကု အဝတ်အရင်လဲလိုက်ပါလား မင်းဟာက...... "

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now