လွမ်းတတ်မှန်းသိရက်နဲ့ 🥀 15

679 43 13
                                    

ပါတီသည် ဟိုတယ်တွေ Barတွေမာကျင်းပတာမျိုးမဟုပဲ
ခြံဝန်းအတွင်း ​စားပွဲခုံများစွာဖြင့်ခင်းကျင်းထားကာ မီးရောင်စုံများ သီချင်းသံများကြားကျင်းပသော လုပ်ငန်းအောင်မြင်မှုပါတီပွဲလေးသာသာ ဖစ်သည်.....

ကုမ်ပဏီ ၏ညစာစားပွဲဖစ်သည့်အတွက် စီးပွားရေးနယ်ပယ်အတွင်းရှိမိတ်ဆွေများ
ရှယ်ယာရှင်များနှင့်သာ Party အတွင်း သောက်စားရင်း ပျော်မြူးနေကြသည်....
ထိုလူများထဲ အဆိုးဆုံး သူမှာ jin hyung. ဖစ်၏ စရောက်ခါစက ငြိမ်နေခဲ့ပေမဲ့ အရက်လေးအနည်းငယ်ဝင်ချိန်မှစ၍ hyungဟာထိန်းမနိုင်တော့.....jin hyung ၏ အထိန်းတော်ဟာတော့ အကိုယွန်းဂီဖစ်သည်....

မမဂျယ်ရီကတော့ မိန်းကလေးအပေါင်းအဖော်များနှင့်သီးသန့်သောက်နေသောကြောင့် ကျတော်သည်
ချောင်ကျကျ ဝိုင်းတွင် တယောက်ထဲထိုင်၍ ပွဲအတွင်း ရှိပျော်နေသူများကိုသာ ထိုင်ကြည့်ရင်းအေးဆေးစွာထိုင်သောက်နေလိုက်သည်
ဆူဆူညံညံပွဲတွေ ကျတော်မှမကြိုက်ပဲ.....

"သူဌေးဂျွန်.....ချီးယားစ် လုပ်ခွင့်ရှိလားဗျ...."

မူးနေပုံရသောလီမင်ဟာသည် ဂျွန်ထိုင်နေသည့် ဝိုင်းအတွင်းသို့ ယိုင်တိုင်တိုင်ဖြင့်ရောက်လာကာ အရက်ခွက်အား မြောက်ပြ၍ ဆိုလာ၏....

ကျစ်....

ဂျွန်သည်မူးနေပုံရသော လီမင်ဟာအားကြည့်ကာ ကျစ် တချက်သပ်ရင်း.စိတ်ရှုပ်စွာကြည့်လိုက်သည်....

"ချီးယားစ် ရပီလား...."

ဂျွန်သည် ဝတ်ကျေတန်းကျေ ပုံစံဖြင့် ခွက်ချင်းတိုက်၍ တငုံမျှသောက်ပြကာ မူလအတိုင်းထိုင်နေလိုက်၏....သူမှလီမင်ဟာကိုကြည့်မရပဲ...."

"ကျတော်ပြောထားတဲ့ ဂျီမင်မော်ဒယ် ပြန်လုပ်...."

"လီမင်ဟာ... အတိုင်းအတာထက်လွန်မလာနဲ့
မင်းပြောတဲ့အတိုင်းလုပ်ပီးပီ မလား သွားလိုက်တော့...."

"ပတ်ဂျီမင်ကို အလကားရတဲ့လေရှူနေပီး စျေးကြီးပြမနေနဲ့ ဘယ်လောက်လဲ ငါပုံပေးလိုက်မယ်...."

"ဒုန်း..!!!လီမင်ဟာ!!!!!!"

ဂျွန်သည် လီမင်ဟာစကားအားကြားသည့်အခါ စားပွဲအား လက်သီးဖြင့် ထုပစ်၍ လီမင်ဟာဆိုသူရှေ့မတ်တပ်ရပ်ကာ ခက်ထန်သောအကြည့်တွေဖြင့်ကြည့်နေ၏...

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now