လွမ်းတတ်မှန်းသိရက်နဲ့ 🥀 7

746 53 12
                                    


"တနေကုန် ပင်လယ်မာ လည်ပတ်ပီးနောက်
အိမ်သို့ပြန်ခဲ့ကြသည် အသွားနှင့်မတူစွာ
ပေါက်ပေါက်ဖေါက်နေသော ထယ်မင်နဲ့
ထထသတ်ရတာလဲအမော သောကြာသား
တောင် သူ့လောက် စကားများမယ်မထင်ဘူး
တလမ်းလုံး သီချင်းဆိုလိုက် လေပေါလိုက်နှင့်
ယောင်းကတော့ အသွားနှင့်မတူ တိတ်ဆိတ်နေသည်.."

အခန်းထဲရောက်တော့လဲ ကုတင်ပေါ်ဖုန်းသုံးနေသောဂျောင်ကုပြန်လာပီလား ကလွဲ
ဘာမှတော့မေးမလာ သူလဲယောင်းလိုပဲ
ထူးထူးဆန်းဆန်းငြိမ်နေတယ်

ဂျီမင် မစဥ်းစားတတ်တော့ ဒီနေ့အကုန်ထူးဆန်းနေတယ်ပုံမှန်ဆို အတင်းလိုက်ကပ်နေကျဂျောင်ကုက တိတ်ဆိတ်နေတာကြောင့် အံ့သြရတာကတမျိုး
ယောင်း ကြောင့် အတွေးများရတာကတမျိုးနှင့် စိတ်ရှုတ်စွာ ကျစ် သတ်ရင်း ဖုန်းအား အိပ်ယာထက် ပစ်တင်ကာ ရေချိုးခန်းသို့ ဝင်ခဲ့သည်

ဂျီမင်ရေချိုးခန်းဝင်ပီး မကြာ ဖုန်းသံမြည်လာ၍ ဂျောင်ကု ကြည့်မိသော် မေမေ ဟူသော contactလေးကြောင့် ကိုင်ဖို့မရဲသော်လဲ ကိုကို့အမေဟာ ကို့အမေပဲမလား

"hello... "

"ဟဲ့ ပတ်ဂျီမင် နင်ငါတို့ကို အသက်ရှိသေးတယ်ရောထင်ရဲ့လားဟမ် ဘာမပြောညာမပြောနဲ့ ယောကျာ်းယူပစ်တယ် ကင်ထယ့်အမေကို ငါဘယ်လိုမျက်နှာပြရမလဲ ပြောစမ်းပတ်ဂျီမင်.... ယောကျားယူတော့လဲ အမေတွေတောင်မပါပဲ တန်းယူပစ်တယ် နင်အဲ့လောက်တောင် ငါတို့ကို သံယောဇဥ်မရှိတာလားဟမ် ပတ်ဂျီမင်... "

"မိန်းမ စိတ်ကိုထိန်းပါကွာ သားက.. "

"ရှင်တိတ်တိတ်နေစမ်း ကိုတင်မောင်.... "

ဖုန်းအားကိုင်လိုက်သည်နှင့်
ခုနှစ်အိမ်ကြားလောက်သောအသံဖြင့် ညင်သာစွာအော်ပြောနေသော ချစ်မေမေ
နောက်မှ ယောက်ခထီးထင်ရသူက ဝင်တားနေသော်လဲ ကို့လိုပဲ မိန်းမကြောက်ရသည့်ပုံ
ချစ်မေမေ တခွန်းပဲအော်ရသေး ချက်ချင်းအသံတိတ်သွားသည်..

"ဟို... ကျတော်က..."

ကိုကိုမဟုကြောင်းတော့ပြောပြရမယ်မဟုလား မဟုရင် ကိုကို အထင်နှင့်ပြောနေသည်မာ နားပင်ပွင့်ထွက်တော့မည်...သို့ပေမဲ့လဲ...

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now