လွမ်းတတ်မှန်းသိရက်နဲ့ 🥀 16

593 47 16
                                    

သာယာနာပျော်ဖွယ် ကျေးငှက်တို့၏ တေးသီကျူးသံတွေ ပြတင်းတံခါးကိုကျော်ကာ
​ေလပြေအဝေ့မာ ပါလာတတ်တဲ့ ခြံဝန်းထဲက ပန်းရနံ့တွေနဲ့ မနက်ခင်းတခုဟာ သာသာယာယာ.....

မမှိတ်မသုန်​မျက်လုံးတို့အား အားယူဖွင့်လိုက်ကာ အိပ်ယာထက်ထိုင်၍ဒီနေ့ဂျွန်နဲ့အတူသွားရမည့်နေရာကိုတွေးမိလေတော့ နှုတ်ခမ်းတို့ဟာ အလိုလိုပြုံးမိနေခဲ့တယ်...

အိပ်ယာထက်မှပျော်ရွှင်စွာဆင်းရင်း ဦးဆုံးဝင်သွားသည့်နေရာမှာရေချိုးခန်းသာ။ ရေချိုးခန်းအတွင်းလဲ အပြုံးတွေဟာရပ်မသွားပဲ တွေးရင်းတွေးရင်း ပြုံးမိနေဆဲ။ ပီးနောက်
သဘက်တတည်ဖြင့် စိုနေသောခေါင်းအားသုတ်၍ရေချိုးခန်းမှထွက်လာကာ အိပ်ယာထက်သို့ကြည့်မိလေတော့ ဖက်ခေါင်းအုံးအားခွကာ အိပ်နေသောသူကြောင့် သက်ပြင်းလေးဖွဖွချမိပါသည်.....

ငြိုငြင်တာတော့မဟု...တကယ်ကိုအိပ်နိုင်လွန်းသူကြီးလေ သူ့မာတော့ တွေးရင်းအပြုံးတို့ရပ်မရအောင်ဖစ်နေမိပေမဲ့သူဟာခုထိ အိမ်မက်တွေထဲ နတ်သူငယ်တွေနဲ့ မြူးထူးနေဆဲ။

ထို့နောက်အိပ်ယာနားသို့သွား၍ဘေးတစောင်းထိုင်ရင်း အိပ်နိုင်သူကြီးကိုလှုပ် နိုးရတော့သည်..။

"ဂျွန်...ထတော့လေကွာ... "

ပခုံးလေးအားလှုပ်ကာနှိုးလေတော့ကိုယ်လုံးလေး အနည်းငယ်လှုပ်ရှားရုံမျှသာလှုပ်လာပီး မျက်လုံးတို့အားဖွင့်မလာခဲ့...

"ကိုကိုကလဲ...အိပ်ချင်သေးတာကို ....."

"ခုထနော်ဂျွန်.."

"ကျစ် ထပီဗျာ ထပီ....."

ဂျွန်သည်ခေါင်းကုပ်မျက်နှာပုတ်ကာဖြင့်အိပ်ယာထက်မှဆင်းသွားကာ ရေချိုးရပေသည်...

"ဒါလား ကလေးအဖေဖစ်တော့မဲ့သူက အိပ်ယာထကလေးတွေလိုကောက်သွားတာများ
ဟွန့်...အသဲယားစရာ ကလေးအဖေ..."

ဒီနေ့ဟာဂျွန်နဲ့ မိဘမဲ့ဂေဟာသို့သွားကာ သားသားလေးဖစ် ဖစ် မီးမီးလေးဖစ်ဖစ်ခေါ်လာကြမည်ဖစ်သောကြောင့်မနက်ခင်းနိုးထလိုက်သည်ဆိုလျှင်ပင် ကျတော့စိတ်တွေသည် ေရလိုကြည်လင်ကာနေသည်....ကလေးဆိုတာဘုရားပေးတဲ့ဆုလာဒ်ပဲမဟုလား...

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now