လွမ်းတတ်မှန်းသိရက်နဲ့ 🥀 12

620 62 12
                                    


"အလှ...ပတ်ဂျီမင်ရဲ့အလှက
အရက်ထက်ဆိုးတယ်.....
ကြည့်မိသူရော အလှပိုင်ရှင်ကိုရော
ယစ်မူးစေတယ် ပတ်ဂျီမင် ခင်ဗျားသိပ်လှလွန်းတယ်......."

..........................

အချိန်တွေဟာတရွေ့ရွေ့နဲ့လည်လာခဲ့တာ နွေဦးကိုတောင်ရောက်နေပီ ဒီနှစ်နွေမာ
ကိုကို့စီက အချစ်ရော အသွေးအသားရော အနမ်းတွေရော အကုန်ရခဲ့တယ် နောက်နှစ်နွေဦးမှာလဲ တန်ဖိုးဖြတ်မရတဲ့အရာတွေဟာ အသစ်အတိုင်းဖစ်နေအုံးမာလား....

အရင်နွေဦးဟာ လေရူးတွေနဲ့ လူရူးခဲ့ရပေမဲ့
ဒီနှစ်နွေဦးဟာ အချစ်တွေနဲ့ လူရူးခဲ့ရတယ်
ပူတယ်ဆိုတဲ့နွေ ဒီနှစ်တော့အေးခဲ့တယ်
နွေဦးရဲ့လေပူပူမှာချွေးစက်တွေကြားလဲရူးခဲ့ရတယ်
ကျေးဇူးပါ.... နွေဦးမှာ အချစ်ရူးကို ပြန်ချစ်ပေးခဲ့လို့ ကျေးဇူးပါ.......

နွေဦးရာသီမို့ နွေရာသီနှင့်အလိုက်ဖက်ဆုံးသီးချင်းတပုဒ် "ရင်နာတယ်ဧပရာယ်ရယ် "
သီချင်းလေးဖွင့်ကာဂျွန်ဟာ အခန်းအတွင်း ဆေးလိပ်တလိပ်အား လက်ကြားညှပ်၍ ချစ်ခဲ့ကြသည်ကိုတွေးမိလေတော့ အသဲကွဲသီချင်းကလဲ နားထဲသိပ်ချိုနေတယ်....
ရူးတယ်ဆိုတာဒါမျိုးလား......

"တီ.....တီ........"

ဆေးလိပ်လက်ကြားညှပ် လေရူးတွေကျီစားတာကိုကြည့်နေတုန်း တတီတီနှင့် မြည်လာသောဖုန်း ဖုန်းမျက်နှာပြင်ထက် ပေါ်လာတဲ့အမည်အားကြည့်မိတော့ နှစ်ယောက်မရှိတဲ့ ဂျင်ယျောင်း....

မြည်နေတဲ့ဖုန်းလေးအား ဆေးလိပ်လွတ်နေသည့်လက်ဖြင့်ကိုင်လိုက်ကာ ဆေးလိပ်အားတချက်ဖွာရှိုက်၍ လေဟာနဲထဲ လွှင့်ပျံစေသည်....ကိုကိုသာသိရင် ဆေးလိပ်ငွေ့ကြောင့် မျက်စောင်းလေးထိုး မျက်ရိုးလေးကျိုးလို့ ဂျွန်ဂျောင်ကု တခွန်းခေါ်ပီး ဆူခံရအုံးမာ········

"ပြော.... ဂျင်ယျောင်း...."

"ဟေး...မင်းယောကျားနဲ့အဆင်ပြေရင်လဲ ကုမ်ပဏီဘက်လှည့်အုံးဂျောင်ကု...."

ဖုန်းကိုင်ရုံရှိသေးအော်ပြောလာသောဂျင်ယျောင်းအသံဟာ နားထဲဆူးခနဲပဲ....

"ကျတော်ခနလေးနားတာနဲ့အသံကကြားရပီ....."

"အေး မင်းက လင်နဲ့ရန်ဖစ်လဲ ကုမ်ပဏီ မလာ အချစ်စမ်းကြရင်လဲ ကုမ်ပဏီမလာနဲ့မို့ ဒီတခါဘာဖစ်ပြန်ပီလဲမေးရတယ် သောက်ရူးရဲ့......"

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now