"ယောင်း.... ""ဂျီမင်......"
..ရှေ့မာရပ်နေတဲ့သူဟာ ယောင်းဆိုတာ သိပေမဲ့ အနားသို့မသွားမိ ကြောင်၍သာကြည့်နေမိသည်။ ယောင်း က ပြောင်းလဲသွားလိုက်တာ အရပ်လဲပိုရှည်လာတယ် အရင်က အုပ်လုံးချထားတတ်တဲ့ ဆံပင်တွေကလဲ သေသေ သပ်သပ် နောက်သို့ ဖြီးလိမ်း ထားတယ် အညိုနုရောင် longcoatနဲ့ ယောင်းက အများကြီးပြောင်းလဲသွားတာပဲ........ "
"ဂျီမင် လာလေကွာ ဒီမာယောင်းစောင့်နေတဲ့ဟာကို ...."
..ယောင်းရဲ့ပြောင်းလဲမှုတွေကိုကြည့်နေမိတာနဲ့ ထယ်မင်အသံကြားမှသာ သတိကပ်နိုင်တော့တယ်..ခုလက်ရှိကိုတွေးစမ်းဂျီမင်... ဆိုပီး ကို့ကိုယ်ကိုသာ သတိပေးနေရတဲ့အဖစ်.... "
"အာ အင်း !!... "
"ထိုင်လေ ဂျီမင်.. "
"အင်း... ယောင်း "
ပထမဦးဆုံးအကြိမ်ယောင်းစီက ပြန်ကြားခဲ့ရတဲ့ ဂျီမင်ခေါ်သံ.... ပြောင်းလဲသွားတဲ့အထဲ ခေါ်သံလေးတော့ပါမသွား ဘူး ထင်ရဲ့ အရင်အတိုင်း.... နားထောင်လို့ကောင်းဆဲ သို့ပေမဲ့.....။
"ဒီတနှစ်အတွင်းဘယ်တွေပျောက်နေခဲ့တာလဲ ထယ်ယောင်း... "
"ဒီတိုင်း နိုင်ငံတွေလိုက်ပတ်နေတာပါကွာ..ဘာမှထွေထွေထူးထူးမဟုဘူး "
ထယ်မင်မေးတဲ့အချိန် ဂျီမင် မျက်ဝန်းတွေ လှုပ်ခတ်သွားကာ မျက်နှာအနည်းငယ် အောက်သို့ ငုံ့သွားသည်ကိုမြင်လိုက်၍ အားနာစိတ်မဖစ်ရအောင် ပေါ့ပေါ့ပါးပါး ဖြေပေးခဲ့ပေမဲ့ သေချာပေါက် ဘာကြောင့်ဆိုတာ ဂျီမင်တွေးမိမာပါ ။ ဂျီမင်ကအဲ့လောက်တုံးတဲ့သူမှမဟုပဲ... "
"ဂျီမင်လဲ ကို မရှိတဲ့နှစ်တွေမာ ပြောင်းလဲသွားတယ်နော်... "
"ယောင်းလဲအတူတူပါပဲ အများကြီးပြောင်းလဲသွားတယ်... "
"ဂျီမင် ထင်လို့ပါ... "
"ဟမ်...... "
မျက်ဝန်းတွေကိုကြည့်ကာ ယောင်းဖြေခဲ့တာက "ဂျီမင် ထင်လို့ပါတဲ့ " ပြောင်းလဲမသွားတဲ့ အရာတွေထဲ ဂျီမင် ခေါ်သံရယ် နောက်တခု ယောင်း အကြည့်တွေရယ်... ။