လွမ်းတတ်မှန်းသိရက်နဲ့ 🥀 9

864 55 19
                                    

"အချိန်တွေဟာတရွေ့ရွေ့
လေပြေတွေလဲတဝေ့ဝေ့
ရွက်ဟောင်းကြွေနေပီ
ရွက်သစ်တွေလဲဝေနေပီ
ကိုကိုလဲကျတော့ကိုပြန်ချစ်ဖို့
အချိန်တန်နေပီ...... "

အချိန်တွေဟာ ခပ်မြန်မြန်ကုန်ဆုံးသွား၍
ကြောင့်လားမသိ ကိုကိုက မနေ့တနေ့ကလို
ကျတော့အပေါ် အေးစက်စက်
နဲနဲလေးတောင်သံယောဇဥ်
ဖစ်မလာ ကိုကိုကပဲအသဲမာလို့လား
ကျတော်ကပဲ မချစ်ပြတတ်လို့လား
သေချာတာတော့ ကျတော်အစွမ်း
ကုန်ချစ်ပြခဲ့ပါတယ်..... ။

.............................

မနေ့ညက ထယ်ယောင်းနဲ့ကိစတချို့အား
တိုင်ပင်ခဲ့ကြသည် ထယ်ယောင်းဟာ
ဂျီမင်ကိုရူးမတတ်ဆို ကျတော်ဟာလဲ
ဂျီမင်ကို ရူးလုနီးနီးပါပဲ သို့ပေမဲ့ ကျတော်ရူးတာ လူမသိခဲ့
ကျတော်ရူးတာ ကင်ထယ်ယောင်းလဲမသိသလို ဂျီမင်လဲမသိခဲ့ ......

ဂျီမင်ဟာ ငယ်စဥ်ထဲက ကျတော်နဲ့ ယောင်းဆို ကျတော့်ကိုချန်ကာ ယောင်းကိုရွေးသွားတတ်သည် ငယ်စဥ်ထဲကနေ ခုထက်ထိလဲ
ယောင်းကိုပဲရွေးနေဆဲ .....

ဂျီမင်နဲ့ကျတော်ဟာ 5တန်းကျောင်းသားဘဝလောက်က စပီးဆုံခဲ့ကြတယ် အဲ့တုန်းကဂျီမင်သိပ်ချစ်ဖို့ကောင်းတာ........

လက်ဖောင်းဖောင်းလေးတွေ နှုတ်ခမ်းဖူးဖူးလေးတွေ ကျတော်သိပ်မြတ်နိုးခဲ့တာ
ခုထိလဲယဥ်ယဥ်လေးနဲ့ရူးနေဆဲ ...........

ငယ်ငယ်ကကျောင်းမာရန်ဖစ်တယ်လို့မဆိုလောက်သော ခပ်သေးသေးရန်ပွဲလေးတခု
ဟိုဘက်ကသုံးယောက် ကျတော်ကတယောက် ကျောင်း၏ ဘောလုံးကွင်းအတွင်း
ကျတော့အားဝိုင်း၍အနိုင်ကျင့်နေစဥ်
ဂျီမင်ရောက်လာကာ ကယ်တင်ပေးခဲ့သည်

တဖက်လူတွေပြေးကုန်တဲ့အခါ ဂျီမင်ဟာ
ကျတော့အား ဆွဲထူ၍ စကားတခွန်းဆိုသည်

"ဘာမှမကြောက်နဲ့ကလေးလေး ငါရှိတယ်"တဲ့လေ

"အတန်းတူ အသက်တူရှိလောက်သည့်ကျတော့အား ကလေးလို့သုံးနှုန်းကာ5
တန်းကျောင်းသားလေး ဂျီမင်ဟာ
ကျတော့ရှေ့လူကြီးဆန်ပြခဲ့တယ်.......
ကျတော့ရှေ့သူရဲကောင်းဆန်ပြခဲ့တယ်..... "

"ထိုအချိန်မှစ၍ ကျတော့ရင်ထဲကိန်းဝပ်ခဲ့သည့် အစွဲတခုမာ ကျတော့်ဘဝထဲ ဂျီမင်မရှိလို့မဖစ်ဆို၍ဖစ်သည် ......
ဒါဟာ 5တန်းဆိုသည့် ရင်ခုန်သံဟာ
ဘာမှန်းမသိသေးသည့်အရွယ်ထဲက
ချမှတ်ခဲ့သော မှတ်ချက်တခုဖစ်သည်... "

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now