ဂျီမင်သည် ရန်ဖစ်ပီးအိမ်မှထွက်လာကာ Barဆိုင်သို့ရောက်လာခဲ့သည်.....တနှစ်ကျော်ကြာလာပီဖစ်တဲ့အိမ်ထောင်သက်တမ်းမှာ အမျိုးမျိုးသောအကြောင်းရာတွေနဲ့ရန်ဖစ်ဖူးခဲ့ပေမဲ့ ဒီတခါစကားများတာသည် မိန်းမဆိုသည့် အတားအဆီးတခုပါလာပီဖစ်သည်........
ဂျယ်လီမမရဲ့အကြည့်တွေကိုဟိုငတုံးကလွဲရင် ဘယ်သူ့မေးမေး ဂျွန်ဂျောင်ကုကို ကြိုက်နေမှန်းသိသာတယ် ဂျွန်ရော သိနေတာများလား အာ့ကြောင့် အိမ်ခေါ်လာတာများလား ဆိုတဲ့အတွေးက တွေးမိတိုင်းလူကိုသတ်တယ်.....
"ဒီဆိုင်က ဘာလဲဟမ်.... ဘာလို့အရက်တွေကိုခါးအောင်လုပ်ထားတာလဲ....."
အိမ်ထောင်တခုအားပျက်စီးစေမည့်အတွေးများကိုတွေးမိလေတော့ ဘယ်တုန်းမှမချိုခဲ့သောအရက်တွေဟာ ပို၍ခါးနေသယောင်
တနှစ်ကျော်ဆိုသည့်ကာလအတွင်း ဖစ်ပျက်ခဲ့တာတွေထဲ ရန်ပွဲများ၍ အချစ်တွေနည်းခဲ့သော်လဲ ချစ်မိချိန်မှစနည်းနည်းလေးတောင်မဝေးချင်တော့ပါ......."အကိုဗျ တိုးတိုးပြောပါနော် ဘေးမှာဧည့်သည်တွေလဲရှိလို့ပါ....."
"ဘယ်သူ့ကို ဂရုစိုက်ရ အေ့....ဂရုစိုက်ရမာလဲ...."
"ဒါမဲ့...အကို....."
"ညီ....ထားလိုက် အကို့ညီ အကိုကြည့်လိုက်မယ်...."
"ဟု ဟုအကို..."
"jin hyung ဒီကို ဘာ အေ့... ဘာလာလုပ် အတိုယွန်းဂီ ရော ဘာလဲ ချော်လာရှာတာလား...."
အနည်းငယ်အချင်းပွားနေသောဝန်ထမ်းကောင်လေးနှင့်ဂျီမင်ကြားဝင်ကာ ဖြေရှင်းပေးလာသောjin hyung အား ငမူးလေးသည် စော်ရှာသည်အထင်နှင့် အာလေးလျှာလေးဖြင့်ထပ်ပီးရစ်ပြန်သည်.....
"မင်းတို့ နဲ့ကိုလွှတ်ဖို့ကံမပါခဲ့ဘူးထင်တယ်ဂျီမင်ရယ် ဘာဖစ်ကြပြန်ပီလဲ......."
ဒီနေ့ဟာ လုပ်ငန်းအတွင်းအောင်မြင်မှုလေးအနည်းငယ်ရှိသဖြင့် ယွန်းဂီနှင့်သောက်ဖို့လာရင်း တွေ့လိုက်ရသောဂျီမင်သည် ပုံမှန်ထက်ကိိုပိုမူးနေခဲ့သည်......ကို့လက်အောက်လုပ်ခဲ့ဖူးသူ တပည့်လဲဖစ် တဦးတည်းသော ညီကိုအရင်းလို ချစ်ရသည့် ဂျောင်ကု၏ အသက်လေးလဲဖစ်တာကြောင့် ကျော်သွားလို့လဲမကောင်း......