လွမ်းတတ်မှန်းသိရက်နဲ့🥀14

593 58 16
                                    


"အချစ်နဲ့ယုံကြည်မှုကြားအနည်းငယ်ဒွိဟဖစ်လာတဲ့အခါ ယုံကြည်ထားသူဟာ အဆုံးကျ အသိုက်ပျက်တဲ့ငှက်လိုဘဝ......"

.......................

ဒီနေ့ဟာ စနေနေ့ ဂျွန်၏ရုံးပိတ်ရက်ပေမို့
ဂျီမင်ဟာလဲဘယ်မှမသွား ဂျွန်၏အနားကပ်ကာ ကလေးတယောက်လိုချွဲရန်ရည်ရွယ်ထားမိပေမဲ့ လန့်နိုးလာသည့်မနက်ခင်း၏နေရောင်ခြည်ဖြာကျနေသော
အိပ်ယာထက် မျက်လုံးမဖွင့်ပဲ လက်ကလေးတွေဖြင့် ဘယ်ညာစမ်းကြည့်လေတော့
လစ်ဟာနေသော နေရာလေးကြောင့် ထိတ်လန့်ကာ အတင်းကျုံးထမိသူဟာ ဂျီမင်သာ.....

"မနက်ခင်းမှာမင်းနဲ့အတူနိုးထချင်ခဲ့တာလေဂျွန်........"​

ဂျွန်ဟာမနက်စောစောရေချိုးတတ်သူမို့ရေချိုးခန်းအတွင်းရှာကြည့်တော့လဲ ရှိမနေခဲ့ အောက်မာများမနက်စာစားရင်းစောင့်နေမလားဆိုသည့်အတွေးဖြင့် ကပြာကယာ ပြင်ဆင်ကာ အောက်သို့ဆင်းခဲ့သော်လဲ လူသူကင်းမဲ့နေသောစားပွဲဝိုင်းထက် တယောက်စာ မနက်စာလေးကိုသာတင်ထား၏......ဒါဟာဂျွန်ပြင်ဆင်ပေးသွားသည့်ပုံမို့ အိမ်မှာမရှိတာသေချာသည်.....

"နိုးပီလား သားဂျီမင်....."

"ဟုကြီးမေ........ "

အိမ်၏အကြီးဆုံးအလုပ်သမားခေါင်းဆောင်ဖစ်သည့်ကြီးမေအား မရွှင်မပြမျက်နှာလေးဖြင့်ဖြေပီးလေတော့ ထိုင်ခုံတွင်ဝင်ထိုင်ကာ မနက်စာအား အထီးကျန်စွာ စားရပြန်သည်
ကော်ဖီလေးတငုံအား သောက်ပီးလေတော့ အိမ်၏ အလယ်တွင် ကပ်ထားသောနာရီစက်ဝိုင်းအားကြည့်မိလေတော့ မနက်10သာရှိသေး၏....

"ပိတ်ရက်မှာအစောကြီးဘယ်တွေသွားနေရတာလဲဂျွန်...... ငါလွမ်းလှပီ....."

မချစ်မိခင်မှာ မမြင်ချင်ခဲ့သမျှ
ချစ်မိလေမှ အားတိုင်းကိုလွမ်းနေ၏
မနက်ခင်းလေးမှာ သူမရှိရင်လွမ်းရသလို
နေ့လည်ခင်းတွေသူ့မတွေ့ရင်လဲလွမ်းပါသည်....
ဒါဆိုညခင်းရောမေး...... ညဘက်ဆိုလဲကျတော်လွမ်းတာပဲ ........
ချစ်မိချိန်မှစ...ကျတော်ဟာမတွေ့ရမနေနိုင်
တော့ပါ......

ကော်ဖီတွေအားမသောက်ပါပဲ ခွက်ကလေးအားအနည်းငယ်မွေ့ယမ်းကာ လက်တဖက်အားစားပွဲပေါ်သို့တင်၍ အနည်းငယ် ဆူထွက်နေသောနှုတ်ခမ်းတွေဖြင့်ခပ်တိုတိုးရွတ်ဆိုသည်......

လွမ်းတတ်မှန်းသိရက်နဲ့ 🥀Where stories live. Discover now