"jin hyung မော်ဒယ်လေးက အသစ်လေးမို့အရမ်းကြီးဆူရင်အဆင်မပြေလောက်ဘူးထင်တယ်hyung..."ပိတ်ရက်ဂျီမင်တို့နှင့်အတူ ဂေဟာသို့သွားကာ အိမ်သို့ပြန်ပီးမကြာ ဝင်လာသောဖုန်းကြောင့်ဒေါသထွက်ကာ ကုမ်ပဏီစီသို့ ထွက်လာခဲ့သည် ဘယ့်နှယ့်နားရက်လေးအေးဆေးနားရမလားမှတ်တယ် ဟိုအရူးအတွဲကတမျိုး ဒင်းတို့ကတမျိုးနဲ့...
မျက်မှန်အမဲအား မချွတ်သေးပါပဲ ကျဲလွန်းလှသောခြေလှမ်းတွေဖြင့် ကုမ်ပဏီအတွင်းသို့ဝင်လာနေသောဂျင်ယျောင်း၏မျက်နှာဟာအရမ်းကိုမှခက်ထန်လွန်းနေခဲ့သည်...
ခုလဲ ဝန်ထမ်းတဦးသည် ဒေါသတွေဖြင့် ကုမ်ပဏီအတွင်းသို့ဝင်လာသူ ဂျင်ယျောင်းအား ဘေးမှလိုက်ကာ ရှင်းပြနေရခြင်း..."ဝုန်း...."
"အမေရဲ့...."
ရုံးခန်းရှေ့သို့ရောက်သည့်အခါ တံခါးအားခြေဖြင့်ကန်၍ ဖွင့်လိုက်လေတော့ ရုံးခန်းအတွင်းထိုင်နေသူအားလုံးမာလန့်ခနဲ....ကုမ်ပဏီမှာ ဂျွန်ပီးလျှင်ဒုတိယအကြောက်ရဆုံးသူမှာ ယျောင်းသာ..ယွန်းဂီကတော့ ကုမ်ပဏီအားလာသည့်အချိန်နည်း၍ ကြောက်ရသည်လဲမဟု မကြောက်ဘူးလဲမဟုဆိုသည့်အနေအထား....
"ဘယ်သူလဲ ကင်မရာထောက်တိုင်ကိုချိုးပစ်တာ...."
ရုံးခန်းအတွင်းရှိစားပွဲထိပ်သို့ခပ်မြန်မြန်လျှောက်သွားကာ မေးလိုက်လေတော့ အကုန်လုံးဟာခေါင်းပင်မဖော်ရဲကြ။
"ကျ..ကျတော်ပါ...."
ထိုင်နေသူများကြားမှ အနည်းငယ် ရှည်ထွက်သူဟာ လက်လေးတဖက်ထောင်၍ ခေါင်းလေးအောက်ဆိုက်ကာ ဖြေလာသည်...
ဂတုံးဆံပင်ပေါက်နဲ့ရုပ်ကိုကအချိုးမပြေ သို့ပေမဲ့တနေရာတွင်မြင်ဖူးနေတာတော့ကျိန်းသေပါသည်..."ဟမ် မင်း... မင်းဟိုတခါက လဲ ရှူတင်က မီးချောင်းကိုချိုးလိုက်တဲ့သူမလား..."
"ကျတော်တမင်ချိုးလိုက်တာမဟုတ်ရပါဘူးကိုင်ရုံပဲကိုင်တာပါ ..."
"မင်းနာမည်ဘယ်လိုခေါ်လဲ..."
"ကင်မ်နမ်ဂျွန်ပါ..."
"မင်းနာမည်ကို ဒီနေ့ကစပီးပြောင်းလိုက်..."
"ဗျာ ကျတော်ကဘယ်လို...."