လေငွေ့သွင်သွင်(၂)

370 27 0
                                    

Unicode
********

"မင်း မနက်ဖြန် fan meeting ရှိတယ်နော်။ ထိန်းဦး"
"အေးဆေးပေါ့ ကိုဦးရာ။ သုခဘုံလေးထဲ ပျော်ပါရစေဦး"
"မင်းတော့လေ ၊ အနံ့တွေ စွဲကုန်မယ် ၊ တော်တော့"
မြူရိပ်လက်ထဲက ဆေးမှုန့်ကို ကိုဦး ဆွဲယူလိုက်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်ကာ

"Fan တွေက မင်းကို မနက်ဖြန် သီချင်းဆိုပြဖို့ တောင်းဆိုနေကြတယ်၊ ဘယ်လိုလုပ်မလဲ"
"ထုံးစံအတိုင်းပေါ့ဗျာ။ အသံဝင်နေလို့ဆို ပြီးတာပဲ"

"နေပါဦး။ မင်းက အဆိုလဲ စိတ်မဝင်စား။ ကိုယ်တိုင်လဲ သီချင်းမဆိုတတ်ဘဲ ဘာလို့ ပယင်းအသံခိုးပြီး အဆိုတော် လုပ်နေရတာလဲ"

မြူရိပ် သူ့လက်ဝါးပေါ်က ဆေးအကပ်ကို ရှိုက်သွင်းလိုက်ရင်း
"ကာဗာလေဗျာ။ ရုပ်ကလေးလှ အသံလေးကောင်းပြီး အမြဲကောင်းမှုကုသိုလ်တွေ လုပ်နေတဲ့ ကျုပ်က အသံလည်း ကျုပ်အသံမဟုတ်တဲ့ မူးယစ်ဆေး ဖြန့်ဝေသူလို့ ဘယ်သူက လာထင်မှာတုန်း ဟင်။ ပယင်းကတော့ သူ့ထိုက်နဲ့သူ့ကံပေါ့ ၊ ကျုပ်လိုလူနဲ့မှ လာကြုံရတယ်လို့"

"ပယင်းက ထုတ်ပြောလိုက်မှာ မကြောက်ဘူးလား"
"သူက နာမည်ကြီးလား ကျုပ်က နာမည်ကြီးလား၊ ဒီလောကမှာ နာမည်ကြီးတဲ့လူက အနိုင်ဗျ၊ သူ ထုတ်ပြောပါပြီတဲ့ ၊ ဘယ်သူက သူ့ကိုယုံမှာလဲ။ fan တွေရဲ့ လိုင်းပေါ်က cyber bullying နဲ့တင် အဲကောင် ခေါင်းထောင်နိုင်မှာ မဟုတ်ဘူး။ အမှန်တရားက ဘာဖြစ်နေပါစေ လူသိများတာက အနိုင်ပဲ "

"မင်း အဆင်ပြေရင် ပြီးရော"
မြူရိပ်လဲ သူ့ဆိုဖာပေါ်မှာ စည်းစိမ်ခံလျက်။

ဒီရက်ထဲ အသံသွင်းစရာ မရှိတာကြောင့် ပယင်း အားလပ်လို့နေသည်။ ပျင်းပျင်းနှင့် ဂီတာဆွဲကာ လမ်းထိပ်က ဘုန်းကြီးကျောင်းတိုက်သို့ ထွက်လာခဲ့သည်။ ဘုရားဝင်းထဲ ဆူဆူညံညံလဲ မဖြစ်စေအောင် ကျောင်းအဝင်ဝ ခုံတန်းလျားလေးမှာထိုင်ကာ ဂီတာကို ကြိုးညှိလိုက်သည်။
နောက် သူ့လက်ချောင်းလေးတွေက ဂီတာကြိုးထက် ပြေးလွှားလို့သွားကာ အသံချိုအေးအေးလေးက ဆွေးပျံ့ပျံ့ လေထုထဲ စီးဝင်လာလေလျက်။

❄️နင်လဲ အခုဆို ရင့်ကျက်လို့နေပြီ .
ငါလဲအခုဆို ရင့်ကျက်သင့်ပါပြီ..
အို ဘဝတွေ ခြား ဝေးသွားမှ
ဘာမှားလဲ ခုငါသိ...
နင်လဲအခုဆို တခြားတစ်ယောက်ရှိလောက်ပြီ..
ငါတွဲဖူးတဲ့လက်က တခြားတစ်ယောက်ဆီ...
ငါယုံလိုက်ပါပြီ...
မင်းတို့အခုဆို အချစ်သစ်စလောက်ပြီ...
နင်ငါ့ကို မုန်းလို့သွားတာလဲ .....
ဒါငါ့ကြောင့်ပဲ ငါလုပ်တာပဲ....
အားလုံးငါ့ရဲ့ အပြစ်တွေပဲ
နင့်ချစ်သူသိဖို့ ပြောချင်ရဲ့
နင်ရဲ့အကြိုက်တွေ နင်မကြိုက်တဲ့ စရိုက်တွေ
အားလုံးမင်းနဲ့ ဝေးစေဖို့

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now