လေငွေ့သွင်သွင်(၁၄)

218 17 0
                                    

Unicode
*********

"ကိုယ် မမြင်ရဘူးရယ် ၊ lather ပြောင်မပြောင် မမြင်ရတော့ ရေချိုးရတာ a little လေး difficult ဖြစ်တယ်။ အရင်ဆို ချူး လုပ်ပေးနေကြ။ အခု ချူးက ဟိုဟာပြန်သွားယူတော့ ပျင်းပဲ ချိုးပေးတော့"
"အာ အာ...အင်း အင်း"

နီယွန် ပျင်းမျက်နှာထက်က ပါးမို့မို့နီရဲရဲလေးကို တိတ်တခိုး ပြုံးလိုက်ပြီး အဝတ်ချွတ်လိုက်သည်။ နောက် bathtub ထဲ ဝင်ထိုင်ကာ ရှက်နေသော ကောင်ငယ်လေးကို စောင့်နေလိုက်သည်။
ပယင်း သူ့ကိုယ်ပေါ်က ရေစိုဝတ်တွေကို ချွတ်ချကာ ချူးပေးသွားသော ပုဆိုးအခြောက်နှင့် လဲဝတ်လိုက်ပြီး ရေချိုးခန်းထဲ ပြန်ဝင်လာတော့ ရေကန်ထဲ ပုဆိုးသာဝတ်ထားပြီး ငုတ်တုတ်လေးထိုင်စောင့်နေပါသော နီယွန်။ နေမထိ လေမထိ ခန္ဓာကိုယ်က ဖြူဖွေးနေကာ သွေးကြောစိမ်းတို့က ခန္ဓာကိုယ်ပေါ် အတိုင်းသား ထင်းလျက်။ ပုခုံးကျယ်ကျယ်တို့က တောင့်တင်းခိုင်မာကာ ဝမ်းဗိုက်ဟာလဲ abs ၂မြှောင်းနှင့် ကျစ်ကျစ်လစ်လစ်။ ပယင်း သူ့ဗိုက်က ပျော့အိအိ ဗိုက်သားကို ငုံ့ကြည့်ပြီး မနာလိုစွာ မျက်စောင်းထိုးလိုက်မိသည်။

မဟုတ်သေးပါဘူးနော်၊ ဘာလေ့ကျင့်ခန်းမှ မလုပ်ဝာာချင်းအတူတူ နီယွန်က ဘာလို့ abs ထွက်နေရတာလဲလို့။ သူအိမ်ပြန်ရောက်ရင် လေ့ကျင့်ခန်း ခိုးလုပ်ဖို့ တိတ်တိတ်လေး ဆုံးဖြတ်ချက် ခိုးချလိုက်ပေမယ့် အတွေးအားလုံးဟာ သူ့မျက်နှာမှာ ထင်ဟပ်နေမှန်း ပယင်းမသိလိုက်။

ပယင်းအကြည့်တွေကနေ ဝမ်းဗိုက် abs ကနေတဆင့် mermaid lineသို့ ရောက်သွားကာ ထိုကြွက်သားလှိုင်းကိုကြည့်ပြီး တံတွေးမြိုချလိုက်မိသည်။ နားရွက်တွေ ပါးပြင်တွေကအစ နီနီစွေးကာ စေ့စေ့မကြည့်ရဲတော့။

နီယွန် အသက်ရှူအောင့်ထားပြီး abs 2 ခုခန့်ပေါ်အောင် လုပ်ထားရတာ လွယ်တယ်များ မှတ်နေလားနော်။ သူ့ကို မျက်စောင်းထိုးလိုက် မျက်နှာနီသွားလိုက်နဲ့ ဖြစ်နေတဲ့ ကောင်လေးကို ကြည့်ပြီး အသက်ဆက်မအောင့်နိုင်တော့ဘဲ

"ပျင်း I'm getting cold"
"လာပြီ လာပြီ"

ရေပူရေအေးစပ်လိုက်ကာ ကိုယ်အပေါ်ပိုင်း ရေအရင်လောင်းပေးပြီး ဆပ်ပြာတိုက်၊ သန့်စင်ပေးကာ ခေါင်းလျှော်ပေးလိုက်သည်။ သူခေါင်းငုံ့ဆိုငုံ့ မော့ဆိုမော့ဖြင့် နီယွန်ဟာ တကယ်ကို ကလေးလေးလို။ ထိုကလေးဆိုးကြီးကို ရေချိုးပေးနေရတဲ့ ပယင်းတစ်ယောက်သာ တစ်ကိုယ်လုံး နီနီရဲလို့ ပုဇွန်ကင်လေးလို ဖြစ်နေပေပြီ။ အပေါ်ပိုင်းပြီးသွားတော့ နီယွန် ဆက်မစတော့ဘဲ
"ရပြိ ပျင်း ၊ ကျန်တာ ကိုယ်လုပ်မယ်၊ ပျင်းလဲ အေးနေလောက်ပြီ ၊တစ်ခါထဲ ဝင်ချိုးလိုက်တော့၊ ရေပန်းနဲ့"
"အင်း"

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now