လေငွေ့သွင်သွင်(၁၆)

190 14 0
                                    

Unicode
********
"ကြောက်စရာကောင်းတာ နားထောင်ချင်လား၊ ရိီစရာကောင်းတာ နားထောင်ချင်လား"

နီယွန် ပယင်းအိပ်ရာထဲ ခပ်တည်တည် ဝင်လှဲလိုက်ကာ ပယင်းကိုသူ့အနားလာထိုင်ရန် အိပ်ရာကို လက်နှင့် ပုတ်ပြလိုက်သည်။ ပယင်းဟာလဲ ထိုအပြုမူကို နည်းနည်းမှု ထူးဆန်းသည်မမြင်။ နီယွန်ဘေးတိုးထိုင်ကာ နီယွန်ကိုပင် စောင်သေချာခြုံပေးလိုက်ပြီး
"ရီစရာ ပြောပြမယ်ဗျာ ၊ နီယွန်သိလား ကျွန်တော် ဒီစရောက်ပြီးနောက်ပိုင်း ဂီတာတီး သီချင်းဆိုတော့လေ ၊ကလေးလေးတွေ လာလာနားထောင်တယ်မလား"

နီယွန်သဘောတူဟန်ဖြင့် အွန်းဟု အသံပြုလိုက်သည်။

"နောက်ရက်ကျ ကျွန်တော် ဘာကိစ္စရှိလို့လဲမသိဘူး။ ၊ ဂီတာမတီးဖြစ်ဘူးဗျာ၊ အဲတာကို ချာတိတ်လေးတစ်ကောင်က ဘာလာပြောတယ်ထင်လဲ"
"အင်း ဘာလာပြောတာလဲ"
" ပီလုံ ဘာလို့ တုန်တုန်ချမ်းချမ်းသေသေကို မတီးတာလဲတဲ့"

ဒီတစ်ခါကြောင်သွားရတာက နီယွန်။
"တုန်တုန်...what? what?က ဘာကြီးတုန်း၊ ပီလုံကရော"

ပယင်း နီယွန်လက်မောင်းကို တဖတ်ဖတ်ရိုက်ရင်း တစ်ယောက်ထဲ ကြိတ်ရီကာရီကာ ရီလို့အားရကာမှ မျက်ဝန်းထောင့်က မျက်ရည်စကို သုတ်လိုက်ပြီး

"ဂီတာတဲ့လေ ၊ တုန်တုန်ချမ်းချမ်းသေသေဆိုတာ ဂီတာကို ပြောတာတဲ့၊ ကျွန်တော်လဲ စစကြားကြားချင်း ကြောင်သွားတာသိလား၊ဟီးဟီး ရီနေရကော"

နီယွန် သူ့လက်မောင်းကို အသာပွတ်လိုက်ကာ ပယင်းကို သဘောတကျ ကြည့်လိုက်သည်။ နောက်ဆို သူများများ အရိုက်ခံရတော့မှာပဲလို့...။ ဘာလို့ဆို ပယင်းကို အမြဲရီအောင်ပြုံးအောင်ထားဖို့ သူဆုံးဖြတ်ထားလို့လေ။

"That child , why he call guitar as တုန်တုန်..arr , I don't know how to say it anymore "

" တုန်တုန်ချမ်းချမ်းသေသေတဲ့ ၊ ဟီးဟီး ကျွန်တော်လဲ မေးတာပေါ့ ဘာလို့‌အဲလိုခေါ်တာလဲဆိုတော့ အဲချာတိတ်လေးက အိမ်က သူ့အမေကို သွားပူဆာတာတဲ့ ၊ဂီတာဝယ်ပေးဖို့ ၊ ကျွန်တော့်လို တီးချင်တယ် ဆိုချင်တယ်ပေါ့ဗျာ ၊ အဲမှာ ချာတိတ်လေးရဲ့ အမေက ပြောတယ်တဲ့၊ ဂီတာကို တုန်တုန်ချမ်းချမ်းသေသေလို့လဲ ခေါ်တယ်တဲ့ သူတို့ငယ်ငယ်ကဆို ၊ ဟိုး အရင်တုန်းကပေါ့ တောကလူတစ်ယောက်ကပေါ့ ပထမဆုံးအကြိမ် မြို့တက်ပြီး အရောင်းဝယ်သွားလုပ်တယ်တဲ့၊ အဲမှာ သူထမင်းဝင်စားတဲ့ဆိုင်ရဲ့ TVကနေ ဂီတာတီး သီချင်းဆိုနေတာတွေ့တော့ ဪ....နားထောင်လို့ကောင်းလိုက်တာ အသံသာယာလိုက်တာဆိုပြီး သဘောကျသွားတယ်တဲ့။ အဲဒါနဲ့ အဲဒါရွာပြန်ယူသွားချင်တယ် ဘယ်လိုလုပ်ရမလဲ လိုက်မေးတော့ ဂီတာဝယ်သွားလေ ဂီတာတီးပြီး သူတို့လို သီချင်းဆိုပေါ့လို့ ပြောပြလို့ အဲရွာသားကြီးက ဂီတာရှာဝယ်ပြီး အိမ်ပြန်လာတယ်တဲ့ ..."

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now