လေငွေ့သွင်သွင်(၁၀)

236 17 0
                                    

Unicode
*********
"မြူရိပ် အစာနည်းနည်းစားရအောင်"

အိပ်ရာထဲက မြူရိပ်ကို ထူလိုက်ကာ ဆန်ပြုတ်ကို အေးအောင်မှုတ်ပြီး ခွံ့ကျွေးလိုက်သည်။
"မင်းငါ့ကို မမုန်းဘူးလား ပယင်း"
"ငါမုန်းရမယ့် အကြောင်းပြချက် ရှိလို့လား"
"မင်းအသံကို ငါယူထားတာတွေ၊ မင်းကို အမြဲ အနိုင်ကျင့်တာတွေ ၊ တစ်ခါလေးတောင်မှ စိတ်မဆိုးဖူးဘူးလား"
"ဆိုးတယ်။ ငါမင်းကို အများကြီး စိတ်ဆိုးတယ်။ ငါ့ကို ငါ့မူရင်းသီချင်းဆိုခွင့် မပေးတာတွေ။ မေ့ကို အဆက်သွယ်‌မလုပ်ဘဲ နေတာတွေ။ ပြီးတော့ မင်းကိုမင်း အခုလိုထိဖြစ်အောင် နေပစ်တာတွေ။ ငါမင်းကို စိတ်ဆိုးတယ် မြူရိပ်။ စိတ်ဆိုးလဲ ဘာတတ်နိုင်မှာလဲ မင်းက ငါ့အကိုပဲလေ။ မင်းကို တစ်ခါတစ်လေကျ ရိုက်ပစ်ချင်တယ်၊ ဆူပစ်ချင်တယ်။ ဒါပေမယ့် မေက မင်းကိုဆူဖို့ ရိုက်ဖို့ ခွင့်မပြုဘူးလေ။ အဲတော့ စိတ်ဆိုးလဲ ဘာမှမှ မထူးတာ"

မြူရိပ်ထံမှ ရှားရှားပါးပါး အပြုံးလေးထွက်လာကာ
"အင်း ငါက မင်းအကိုပဲလေ ၊ မင်းမှာ ငါ့ကို ဆူခွင့်မှ မရှိတာ၊ ဟုတ်တယ်မလား ကိုဦး"

ကိုဦးထံမှလဲ အပြုံးလေးထွက်ပေါ်လာကာ
"အင်း ပြောရရင် အကြီးဆုံးဖြစ်တဲ့ ငါ့အသုံးမကျမှုပေါ့။ ငါ့ညီတွေကို အလိုလိုက်လွန်းပြီး စီမံမှု ညံ့ဖျင်းတဲ့ငါ့အပြစ်"

ပယင်း မြူရိပ်ကို ဆန်ပြုတ်ဆက်ခွံ့ကာ
"ညီအကိုတွေမှာ သာတယ်နာတယ်ဆိုတာမှ မရှိဘဲ၊ တော်တော့ "

မြူရိပ် ပယင်းခွံ့ပေးတာကို စားရင်း
"ငါ မင်းကို သတ်ခိုင်းခဲ့တာ ပယင်း"

ပယင်းလက်တွေ တစ်စက္ကန့်စာမျှသာ တန့်သွားပြီး
"အဲတော့ ငါသေသွားလို့လား၊ ငါအခု အကောင်းကြီးလေ"

မြူရိပ် ရီလိုက်ကာ
"မင်းအဲလို အရမ်းစိတ်ထားကောင်းလို့ ငါမင်းကို အနိုင်ကျင့်တာ ပယင်း၊ နည်းနည်းလောက် ငါ့ကို စိတ်ဆိုးပါကွာ၊ ငါအသေဖြောင့်အောင်"

ပယင်း မြူရိပ်ပါးစပ်ကို အုပ်ပြီး
"သေမယ့် စကားမပြောနဲ့၊ ငါ ခွင့်မပြုဘူး"

မြူရိပ် သူ့ရဲ့ ပုံပျက်ပန်းပျက် ဖောရောင်နေတဲ့ ခန္ဓာကိုယ်နှင့် ခြေလက်တွေကို ကြည့်ကာ
"ပယင်း တကယ်တော့လေ ငါမင်းကို အရမ်းအားကျခဲ့တာ၊ မိဘမဲ့ဂေဟာမှာလဲ အမေက မင်းကိုပဲ အမြဲပိုချစ်တယ်၊ပိုဦးစားပေးတယ်။ ကြီးလာလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်လုပ်တော့လဲ မင်းမှာက အချိုသာဆုံး အသံတွေ ပိုင်ဆိုင်နေပြီး ငါတော့ရော...၊ ငါက သူများရဲ့ ဖန်အရုပ်လေးဖြစ်ခဲ့ရတာ ။ မနာလိုလိုက်တာ ၊ ကိုဦးကအစ မင်းကို ဂရုမစိုက်သလိုနဲ့ မင်းကိုဆို အမြဲ ကာကွယ်ပေးနေတာ"

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now