လေငွေ့သွင်သွင်(၆)

246 20 0
                                    

Unicode
********

"နီယွန်"
"Humm"
"ဗျာလို့ ထူးပါဆို"
"ဒါဆို call me again "
"ဟဟ နီယွန်ကြီးရေ"
"ဗျာဗျ ပျင်း"
"အံမယ် ကာရံတွေနဲ့တောင် ပြန်ဖြေတတ်ပြီပေါ့"
"ပျင်းအတွက် သင်ထားတာ"
"စကားအရမ်းတတ်လာတယ်နော် "

နီယွန် သူ့မျက်မှန်ကို ပင့်တင်လိုက်ရင်း ကော်လံထောင်သည့်စတိုင် လုပ်ပြလိုက်သည်။
ထိုအခါမှ ပယင်း ဒီနေ့လာရင်း ကိစ္စကို သတိရသွားပြီး နီယွန်လက်ကိုဆွဲလိုက်ပြီး

"ဈေးသွားရအောင်"
"အိုးကေ"
နီယွန်ကတော့ ပယင်းဘာပြောပြော အိုးကေတစ်ခွန်းသာ။ ပယင်းအူယားလွန်းစွာ နီယွန့်ဆံပင်တွေကို ထိုးဖွလိုက်သည်။ သူ့ထက်ခေါင်းတစ်လုံးမြင့်တဲ့ နီယွန်ဟာ သူ့အတွက် ကလေးဆိုးလေးသာ။ တကယ်မဆိုးပေမယ့် နွှဲ့ဆိုးဆိုးချင်သည့် ပုံစံလေး။ ဥပမာ သူ့ကိုမခေါ်ဘဲ တစ်နေရာရာ သွားမိလျှင် တစ်နေကုန် နှုတ်ခမ်းကြီးထော်ကာ သူ့အိမ်ရှေ့ မလှုပ်မယှက် လာထိုင်နေတာမျိုး။ သူ့ကို သီချင်းမဆိုပြဘဲ ဝင်အိပ်မိလျှင် မနက်ကျ သူ့ကို စကားမပြောတော့ပေမယ့် အိမ်ကိုတော့ ရောက်နေတာမျိုးပေါ့။ ကလေးဆိုးလေးပါလားရယ်လို့ မြတ်နိုးစွာ တွေးမိပြီး စိတ်မဆိုးရက်နိုင်တဲ့ အပြုမူလေးတွေဖြင့် သူ့အပေါ် စိတ်ကောက်ပြတာမျိုးလေးတွေပေါ့။

နီယွန့်လက်ကိုတွဲကာ မြို့ထဲက ဈေးလေးသို့။ 

မြို့ကြီးပြကြီးတွေလို တိုက်အထပ်မြင့်တွေ ဟီးလေးထ ၊ ကားကြီးကားငယ် အသွယ်သွယ် ရှုပ်ယှက်ခပ်နေတာမျိုးမဟုတ်ဘဲ တစ်မြို့လုံးမှာ အမြင့်ဆုံး အဆောက်အုံဆိုလို့ ၄ထပ်သာရှိသည့် ခရစ်ယန်ဘုရားကျောင်းသာ ရှိပြီး ၄လမ်းသွား ကားလမ်းမလေးမှာ လိုင်းကားဆိုတာမရှိ မီးပွိုင့်ဆိုတာမရှိဘဲ စက်ဘီးနှင့် ဆိုင်ကယ်များကသာ အစီစီ အရီရီ နေရာယူနေတဲ့ ‌မြို့လေးပေါ့။
ဈေးဟာလဲ နေ့စဉ်မရှိဘဲ ငါးရက်တစ်ကြိမ် ဈေးနေ့ဟူ၍သာ ဈေးစည်သည်။ ဈေးနေ့တွင် မြို့နီးစပ် ရွာနီးစပ်က ဒေသထွက် ပစ္စည်းတွေ လာရောက် ရောင်းချဝယ်ယူသူတွေနှင့် ကြိတ်ကြိတ်တိုး စည်ကားတတ်ပြီး ကျန်နေ့များမှာတော့ ပုံမှန်ဈေးတန်းငယ်လေးသာ။

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now