လေငွေ့သွင်သွင်(၁၃)

215 18 0
                                    

Unicode
********
"မိပြီဗျို့ နီယွန် ၊ကျွန်တော် ငါးတစ်ကောင်မိပြီ"

ခြေသလုံးသာသာရှိသော တောင်ကျချောင်းငယ်လေးဘေးက မြက်ခင်းမှာ နီယွန် ငုတ်တုတ်လေးထိုင်ကာ ပယင်းကို ငေးနေတုန်း ပယင်းရဲ့ အော်သံ။ နာရီဝက်နီးပါး ရေထဲ ဟိုဖက်ရှာ ဒီဖက်ရှာပြီးကာမှ ဖမ်းမိတဲ့ ငါးလေး။ ငါးဖမ်းခြင်းထက် ပယင်းက ဒီရေထဲ လျှောက်သွားနေရတာကို ပျော်နေပုံပင်။ သွားတက်လေးကို အမြဲဖော်ပြနေလျှက်။

နီယွန် ကြည့်လိုက်တော့ လက်သန်းရဲ့ တစ်ဝက်တောင် မရှိသော ငါးသေးသေးလေးတစ်ကောင်။ နီယွန် ရီချင်စိတ်ကိုထိန်းကာ

"အကြီးကြီးလား "

ပယင်း ရှက်ရယ်ရယ်ကာ လည်ပင်းပွတ်ရင်း
"အင်း အကြီးကြီးပဲ "

လက်က ရွှံ့တွေက ပယင်းရဲ့ လည်တိုင်ထက်မှာ ပေကာပွလို့။

"အရမ်းရေထဲ မနေနဲ့၊ ailment ဖြစ်လိမ့်မယ်"
"ဟုတ် လာပြီ"

ပယင်း ရေဝအောင် ဆော့ပြီးတာကြောင့် ခြေလက်တွေ ရွှံ့စင်အောင် ဆေးကာ ငါးလေးကို ပြန်လွှတ်ပေးလိုက်ပြီး နီယွန်ကို သွားဆွဲခေါ်ကာ ရေချောင်းသေးသေးလေးထဲ ဆွဲချလိုက်သည်။

"အေးတယ် ပျင်းရဲ့"
"မအေးပါဘူး ၊ နီယွန့်ဘောင်းဘီအဖျားတွေ ပေနေပြီ ၊ ကျွန်တော် ဆေးပေးမယ်။ ဖိနပ်ချွတ်"

ပယင်းသဘောအတိုင်း ဖိနပ်နှင့် ခြေအိပ်ချွတ်ကာ ရေချောင်းငယ်ထဲ ဆင်းလိုက်သည်။ ရွှံ့ပျော့ပျော့ရဲ့ အထိတွေ့က နီယွန်ကို ခြေချောင်းလေးတွေ ကုတ်ကွေးသွားစေသည်။
"ယားတယ်"
"ဟင် ရွှံ့ယားတာလား၊ ဓာတ်မတည့်လို့လား"
"No... Mudပေါ် လမ်းလျှောက်ရတာ ခြေထောက်အောက်ကနေ heart အထိ ယားတယ်လို့"
"ဪ အသဲယားတာလား၊ တစ်ခါမှ ရွှံ့ပေါ် မနင်းဖူးဘူးလား"
"No, ပျော့ပျော့ကြီးနဲ့ တစ်မျိုးကြီးပဲ "
"ဟီးဟီး ဒါဖြင့် အခုအဝဆော့ပေတော့"

ပြောပြီး ရွှံ့တစ်ဆုပ်ကို ကောက်ယူပြီး နီယွန်ရဲ့ လက်မောင်းကို ပစ်လိုက်သည်။
"ကျွန်တော့်ကို ပြန်ပစ် ..အာ sorry sorry နီယွန် ၊ ကျွန်တော် တမင်လုပ်တာ မဟုတ်ဘူးရယ်"
မျက်လမးမမြင်တဲ့ သူက သူ့ကို ဘယ်လို ပြန်ပစ်လိမ့်မလဲ၊ သူ့ရဲ့ ခဏတာ ဦးနှောက်က ပျက်ယွင်းသွားပုံပင်။
မျက်နှာလေး ညှိုးကျသွားတဲ့ ပယင်းကြောင့် နီယွန်မပျော်တော့။ သူ့လက်မောင်းက ရွှံ့ကို လက်အပြည့်ပြန်ကိုင်ကာ ရွှံ့ခဲကို ပြန်ခါချပြီး

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now