လေငွေ့သွင်သွင်-အချပ်ပို-(၁)

180 11 0
                                    

Unicode
********

"Happy birthday Amber"

ဒီနေ့က ၁၁လပိုင်း ၁၁ရက်နေ့။ ပယင်းရဲ့ ၂၆နှစ်ပြည့်မွေးနေ့။

နီယွန်လက်ထဲမှာ ဝဝကစ်ကစ် အမွှေးထူထူ ခွေးပေါက်စလေး ၃ကောင်ထည့့်ထားသည့် ခြင်းတောင်း။ ပယင်းမှတ်မိနေတာက ထိုခွေးလေးတွေကို မနေ့က သူတို့လမ်းထိပ်မှာ စတွေ့မိတာလားလို့လေ။ မမွေးနိုင်တဲ့ သခင်က လာစွန့်ပစ်သွားတာ ဖြစ်နိုင်သည်။ ပယင်းစတွေ့ထဲက လိုက်ဖမ်းဖို့ ကြိုးစားပေမယ့် ဆူးခြုံထဲ တိုးဝင်သွားတာမို့ ဖမ်းမမိလိုက်။ အခုတော့ ထိုခွေးပေါက်စလေးတွေ သူ့ရှေ့မှာ အမြှီးလေးတွေ နန့်တန့်တန့်။

"မောင် ဖမ်းမိပြီလား"
"အင်း မနေ့ညနေက ချူးနဲ့ သွားရှာဖမ်းလာတာ"
"မွေးနေ့လက်ဆောင်အတွက် ကျေးဇူးပါဗျာ ယောကျာ်းရေ"

ပယင်းနီယွန်ပါးပေါ် အနမ်းခြွေပေးလိုက်ပြီး ခွေးလေးတွေကို ခြင်းထဲက ထုတ်ကာ ကြည့်လိုက်သည်။ အမွှေးဝါကျင်ကျင် ပုပုလုံးလုံးနှင့် ဗမာခွေးလဲမဟုတ် ၊နိုင်ငံခြားမျိုးလဲမဟုတ်။ မျိုးစပ်လေးတွေ ထင်ရဲ့။ ၃ကောင်လုံးက အထီးလေးတွေ။
"ယောကျာ်း ချစ်ထူးကို ဟိုဖက်ခြမ်းက လက်သမားဦးလေးဆီ ခွေးလှောင်အိမ်ရိုက်ပေးဖို့ သွားပြောပေးပါဦး"

ထိုစဉ်ပင် ချစ်ထူးက အဖော်၁ယောက်နှင့် လှောင်အိမ်ကြီးကြီး၁ခုကို မလာပြီး အိမ်ဘေးမှာ ချပေးကာ
"အကိုလေး အားလုံးလုပ်ပြီးပြီ အကိုပျင်းရ။ မပူနဲ့။ သူမနေ့ညနေထဲက လိုက်လုပ်နေတာ။ အစာခွက်တွေရော ၊အိပ်ဖို့အခင်းတွေရော။ ဟိုဖက်ရပ်ကွက်က တိကုဆရာဝန်ဆီတောင် ချိန်းထားပြီးပြီ။ ကာကွယ်ဆေးထိုးပေးပြီး ဆေးစစ်ဖို့တဲ့။ မနေ့က သွားတာ မတွေ့ခဲ့လို့ အခုမနက် ပြန်သွားကြည့်မလို့။"
"ဟုတ်လား မောင်"
"အွန်း ပျင်းလိုက်မလား ခွေးလေးတွေတော့ မခေါ်သွားတော့ဘူး။ ဟိုဖက်ရပ်ကွက်ထိဆိုတော့ သယ်ရပြုရ အဆင်မပြေဘူး။ ဆရာဝန်ကိုပဲ အိမ်ခေါ်လာလိုက်တော့မယ်"
"ရတယ်လေ လိုက်ခဲ့မယ်၊ ချစ်ထူး ဆိုင်ကြည့်ဦးနော် "

ပယင်းနှင့် နီယွန် ခွေးလေးတွေကို လှောင်အိမ်ထဲပြန်ထည့် ၊လက်ဆေးကာ ဆရာဝန်ခေါ်ဖို့ ထွက်ခဲ့လိုက်သည်။ နီယွန်ရဲ့ မာစီးဒီးကားအမြင့်နဲ့ပေါ့။ အိမ်မှာ ကားရော ဆိုင်ကယ်ပါ ရှိပေမယ့် သိပ်မသုံးဖြစ်။ ပယင်းရော နီ‌ယွန်ပါ လမ်း‌ေလျှာက်ရသည်ကို ပိုကြိုက်တာမို့ ဘယ်သွားသွား လမ်းလျှောက်သာ သွားသည်။ အခုက အနည်းငယ်ဝေးတဲ့ တစ်ဖက်ရပ်ကွက်မလို့သာ။

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now