Part 1

6.9K 261 91
                                    

ဝှီး........

"ဟာ အဲ့တာ ဆိုင်ကယ်မလား ဘယ်လိုတောင်မောင်းသွားပါလိမ့် လန့်သွားတာပဲ"

"ဟုတ်ပ တို့ကားကို ကျော်တက်သွားတာများ ဝှီးကနဲ့ပဲ...ဒီခေတ်လူငယ်တွေ မလွယ်ဘူး..."

ဝှီး....ဝှီး....ဝှီး.....ဝှီး....ဝှီး....

"ဟာ အများကြီးပါလား...."

မီးရောင်မှိန်ဖြဖြသာ ရှိတဲ့ အဝေးပြေးလမ်းမထက်မှာ ဆိုင်ကယ် ခြောက်စီးဟာ တဝှီးဝှီးနဲ့ အရှိန်ပြင်းစွာ မောင်းနှင်နေကြတယ်။ သေချာကြည့်မယ်ဆိုပါက တစ်စီးနဲ့တစ်စီးကျော်လို့မရအောင် ပိတ်ကာ မောင်းနေကြတာကိုတွေ့ရလိမ့်မယ်။

ဝှီးးးးးးးးးးးးးးးးးးး

ထိုဆိုင်ကယ်တွေ ဦးတည်ပြီးသွားနေတာကတော့ တစ်နေရာထဲကိုပါပဲ။ ထိုနေရာမှာတော့ Alpha,Beta,Omega  gender ပေါင်းစုံ ရှိနေပြီး ဘယ်ဆိုင်ကယ် အရင်ပန်းဝင်လာမလဲ ဆိုတာကို ရင်ခုန်စွာ စောင့်မျှော်နေကြတယ်။

ထိုလူတွေ အားလုံးထဲမှာမှ ပြိုင်ကားအနက်ရောင်လေးကို မှီကာ အနက်ရောင် ဝတ်စုံကို  မရိုင်းပဲနဲ့sexy ကျကျဝတ်ဆင်ထားတဲ့ Omega လေးဟာ Alpha တိုင်းရဲ့ အာရုံကို ဖမ်းစားထားခဲ့တယ်။ နှင်းကဲ့သို့ ဖြူဖွေးတဲ့အသားအရည်နဲ့ နှင်းဆီရောင်နီရဲနေတဲ့ နှုတ်ခမ်းသားတို့ဟာ သူ့ကို လူတွေရဲ့ ပါးစပ်ဖျားများ ခေတ်သစ်စနှိုးဝိုက်လို့တောင် အမည်တွင်စေခဲ့တယ်။ ထို omega လေးရဲ့ခန္ဓာကိုယ်က ထွက်လာတဲ့ နန်းဆန်တဲ့သဇင်ပန်းရနံ့ဟာ Alpha တိုင်းကို ဆွဲဆောင်ထားတယ်လေ။ ထိုomega‌လေးကတော့
နှစ်ယောက်မရှိနိုင်တဲ့ မြို့တော်ဝန်‌ဟောင်းရဲ့
သားဖြစ်သူ ဝေဟင်မိုးသား ပါပဲ။

"ကိုကို....."

မလှုပ်မယှတ်ကားကိုမှီကာရပ်နေတဲ့ ထိုomega လေးဟာ အရှိန်ပြင်းစွာနဲ့ ပန်းတိုင်ကိုနီးကပ်လာတဲ့ ည‌ဘက်ကောင်းကင်အရောင်နဲ့အတူနက်မှောင်နေတဲ့ ဆိုင်ကယ်ကို လည်းမြင်ရော နှုတ်မှ နာမ်စားတစ်ခုကို ရည်ရွတ်ကာ ထိုလူအုပ်ကြီးရဲ့ ရှေ့ထိရောက်သွားတော့တယ်။

"မဟာ!!!!!မဟာ!!!!!!မဟာ!!!!!!"

ထိုဆိုင်ကယ်ကိုမြင်လိုက်တဲ့လူအုပ်ကြီးဟာလည်း အမည်တစ်ခုကို အော်ဟစ်အားပေးလာကြတယ်။ သူတို့အားပေးလာတဲ့ အမည်ဟာ လူတစ်ယောက်ရဲ့အမည်တော့ ဟုတ်မနေပါ။ မျိုးရိုးနာမည်တစ်ခုဖြစ်ပြီး လူသုံး‌ယောက်ကိုရည်ညွှန်းတယ်။

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now