Part 22

2.8K 159 147
                                    

"အွန်း.....ဟင်....ထပ်ဖြစ်ပြန်ပြီ...."

ဒေါ်သူဇာ အိပ်နေရာကနေ မျက်လုံးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ ပတ်ဝန်းကျင်ကြောင့် သွေးပျက်လောက်တဲ့ထိ လန့်ဖြန့်သွားခဲ့တယ်။ အရွယ်အစားအလွန်ကြီးပြီးမြင့်မားတဲ့ အပင်တွေများစွာ‌ရှိနေတဲ့ တောအုပ်ကြီးက သူ့ကို ‌ညစဉ်ချောက်လန့်နေခဲ့တယ်။

ဒါက အိမ်မက်ဆိုတာ ဒေါ်သူဇာသိပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး။

ဝေါ!!!!!! ဝေါ!!!!!! ဝေါ!!!!!!!

ခပ်ပြင်းပြင်းတိုက်ခတ်လာတဲ့ လေပြင်းတွေနဲ့အတူ တစ်ပင်နဲ့တစ်ပင် သစ်ကိုင်း၊သစ်ခက်တွေ ရိုက်ခတ်တဲ့အသံတွေကိုကြားရတာနဲ့ ဒေါ်သူဇာရဲ့တစ်ကိုယ်လုံး ကြက်သီးဖျန်းဖျန်းထလာပြီး ထိုနေရာကနေ အသက်လုပြီး စတင်ပြေးလွှားရတော့တယ်။

ဒေါ်သူဇာ ပြေးနေရင်းနဲ့ ကောင်းကင်ပေါ်ကနေ ငှက်သဏ္ဍန်ကဲ့သို့ကြီးမားတဲ့ သတ္တဝါတစ်ကောင်က ‌အတောင်တွေကို အရှိန်ပြင်းပြင်းရိုက်ခတ်ရင်း သူမနောက် လိုက်လာတာကို သတိထားမိလိုက်တယ်။

"အား!!!!!!!!"

ဒေါ်သူဇာ အဲ့သတ္တဝါကြီးကို မြင်တာနဲ့ ငယ်သံပါအောင် အော်မိတယ်။ ထိုသတ္တဝါကြီးက သူ့ကို အိမ်မက်ထဲမှာ ခြောက်လန့်နေခဲ့တာ ကြာပြီ။ ဒီအရာက အိမ်မက်ဆိုတာ ဒေါ်သူဇာသိတယ်။ ဒါပေမယ့် သူမခန္ဓာကိုယ်က နာကျင်မှုတွေက တကယ်ဖြစ်နေသလိုမျိုး ခံစားနေရတယ်။

"ကယ်ကြပါဦး!!!!!ကယ်ကြပါဦး!!!!"

ဒေါ်သူ‌ဇာ အလန့်တကြားအော်မိတယ်။ ထို သတ္တဝါကြီးသာ သူ့ကိုမှီသွားရင်.....

"အား!!!!!"

ဒေါသူဇာရဲ့ အတွေးမဆုံးခင်မှာပဲ ထိုသတ္တဝါကြီးက ဒေါ်သူဇာရဲ့ ရှေ့မှာမတ်တပ်ရပ်လျှက်ရောက်နေခဲ့ပြီ။

"တောင်းပန်ပါတယ် ကျွန်မကို ဘာမှမလုပ်ပါနဲ့......ဟင်!"

ထိုသတ္တဝါကြီးရဲ့ မျက်နှာကို ဝိုးတဝါးသာမြင်ရပေမယ့် မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ အနီရောင်မျက်လုံးတွေကတော့ ထင်ရှားလှပြီး ဒေါ်သူဇာရဲ့ တစ်ကိုယ်လုံးက သွေးတွေ ခမ်းခြောက်သွားသလိုမျိုး ခြောက်ခြားစေတယ်...

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now