Part 5

3.5K 187 137
                                    

တီ....တီ....တီ....

"လာပါပြီ သခင်လေး!!!!!!"

လပြည့် ခြံထဲက အပင်လေးတွေကိုရေလောင်းနေတုန်း ခြံရှေ့က အသည်းအသန်တွေ ကားဟွန်းတီးနေသံကြောင့် လှမ်းကြည့်မိတယ်။ ‌

"အော်....ဝေဟင် ပြန်လာတာပဲ...."

လပြည့် တစ်ယောက်တည်းကြားရုံ တီးတိုးရေရွတ်မိတယ်။ ဒါဆို ဟိုဘက်အိမ်က ကလေးတွေလည်း ပြန်လာလောက်ပြီပေါ့....

ဝေဟင် ခြံထဲကို ဝင်လာတော့ ရေပုံးကိုင်ထားတဲ့ ကိုကြီးလပြည့်ကိုတွေ့တာပါပဲ။

"စိတ်ရှုပ်ဖို့ကောင်းတယ်...."

ဝေဟင် ကားကိုအိမ်ရှေ့ထိရပ်လိုက်ပြီး ကားပေါ်က မဆင်းခင် သူ့မျက်ရည်တွေကို သုတ်လိုက်တယ်။ သူတစ်လမ်းလုံး ငိုလာတာတော်သင့်ပြီ။ ပြီးတော့ သူငိုရတာက သူ့ကားရှေ့က လူကြောင့်.....

"ဦးနိုင် ကားရွှေ့လိုက်ပါ...."

"ဟုတ်ကဲ့ပါ သခင်လေး....."

လပြည့် ဝေဟင့်ကို ကြည့်နေရင်း မူမမှန်တာကို သတိထားမိသွားတယ်။ ဝေဟင့် မျက်နှာလေးက နွမ်းနေတဲ့အပြင် ဖြူစွတ်နေတဲ့ မျက်နှာလေးက ရဲတဲတဲလေးနဲ့ မျက်လုံးလေးတွေလည်းအစ်နေတယ်။ ဒီကလေး ငိုထားတာပဲ။ ဘယ်လောက်ပဲ ကလေးက ကိုယ့်ကိုသဘောမကျပါစေ။ ကိုယ်ကလူကြီးပဲမလား။

"ဝေဟင်.....ခနနေပါဦး...."

ဝေဟင် အနောက်က ခေါ်သံကြောင့် အိမ်ထဲဝင်မယ့်ခြေလှမ်းတွေကို ရပ်လိုက်တယ်။ ဒါပေမယ့် အနောက်ကိုတော့ လှည့်မကြည့်ဖြစ်လိုက်ပါ။

ကိုယ်ခေါ်လိုက်တော့ ရပ်နေပြီး လှည့်မကြည့်လာတဲ့ ကောင်လေးကြောင့် ထိုကောင်လေးရှေ့ကိုသာ သွားရပ်လိုက်တယ်။

"ဝေဟင်...ငိုလာတာလား..."

"ကျွန်တော့် ကိစ္စပါ...."

ကန့်လန့်ဖြေလာတဲ့ ထိုကလေးကြောင့် ‌လပြည့်လည်းဆက်မပြောချင်တော့ပါ။ ဒီကလေးကိုယ့်ကို ဘာသဘောမကျဖြစ်နေလဲ နားမလည်တော့ဘူး။

"ဝေဟင်...အကယ်၍ တစ်ခုခုဆိုရင် အကို့ကိုပြောနော်....."

".........."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now