Part 2

4.2K 221 84
                                    

"အဲ့တော့ မင်းတို့က ငါပြောချင်တာပြော မင်းတို့လည်းလုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောလား။ ဟမ်! ငါမေးနေတယ်လေ....မနက်စောစောစီးစီးနေမထွက်သေးဘူး သူတို့ကိစ္စအရင်ရှင်းရတယ်။ ဟိုက ဦးနဲ့ခင်လို့ ဦးကိုမျက်နှာလိုမျက်နှာရလုပ်ချင်လို့ မင်းတို့ကို အိမ်ပြန်လိုက်ပို့တာ။ နမို့ဆို အချုပ်ထဲအိပ်နေရလောက်ပြီ။"

ခု ထိပ်တန်းတို့ညီအကိုသုံးယောက် ဧည့်ခန်းကဆိုဖာရှေ့မှာ ဒူးထောက်ထိုင်နေရပြီး ဆိုဖာပေါ်မှာ ဖိုးဖိုးရယ် ဒယ်ဒီရယ် ပါးပါးရယ် ထိုင်နေတယ်။ ဖေဖေကတော့ ထုံးစံအတိုင်း သူတို့ရှေ့လာပြီးအော်ငေါက်နေတယ်။

"ငါမေးနေတာကို မင်းတို့မဖြေဘူးပေါ့လေ။ တစ်ကောင်မှ အချိုးမပြေဘူး။ ထိပ်တန်းမဟာ မင်းရုပ်ကိုမင်း မှန်ထဲမှာ ပြန်ကြည့်ဘူးလား။ တစ်ကိုယ်လုံးတက်တူးကအပြည့် ဆေးလိပ်လေးလက်ကြားညှပ်ပြီး စတိုင်ကထုတ်ရသေးတယ်။ မင်းကိုယ်မင်း မင်းသားများထင်နေလား။ ရုပ်ကလေးကချောချောလေး ခုတော့ ခွေးရုပ်ပေါက်နေပြီ။"

"သုတကလည်း ငါသားက တက်တူးနဲ့လိုက်ပါတယ်။"

"နေသစ်!!!!ငါပြောရင် ဝင်မပြောနဲ့!"

နေသစ် သူ့ပါးစပ်သာ ပိတ်ထားလိုက်တော့တယ်။ သူထပ်ပြောရင် ဒီကိစ္စက ပြီးတော့မှာ မဟုတ်ဘူး။ ဟိုကောင်တွေတင်မကဘူး သူတို့လည်း ဒီဆိုဖာပေါ်က ထရမှာမဟုတ်ဘူး။

"ရှိုင်းသုတမဟာ မင်းကရော ဘာအချိုးချိုးတာလဲ။ ငါ့သားလေးတော်လှတော်လှနဲ့ ယောင်းမမြင်းစီးထွက်တာလား။ ငါကတော့သူ့အကိုတွေကို ရန်မဖြစ်အောင်ကြည့်လို့မှာထားတယ်။ ခုကြမှာထားတဲ့ ငါက အရူးကြီးလိုပဲ။ ဟိုကောင်တွေရန်ဖြစ်တိုင်း မင်းကပါစရာလား။"

"သုတ ရေသောက်ဦးမလား..."

"မင်းငါ့ကိုလာရွဲ့နေတာလား Rue...."

"အဲ့လို မဟုတ်ပါဘူး။ ငါက စေတနာနဲ့ပါ။"

Rue ခေါင်း‌တွင်တွင်ခါပြီးသာ အမြန်ငြင်းရတယ်။ နမို့ဆိုမလွယ်ဘူး။

"ရှိန်းသုတမဟာ မင်းကိုတော့ ငါပြောစရာ ဘာမှကိုမရှိတော့ဘူး။ ပြောလိုက်ရင်လဲ  ဟုတ်ကဲ့ဖေဖေ။ သားနောက်မလုပ်တော့ပါဘူး ဖေဖေ။ ဒါပဲ။ ချိုသာနေတာပဲ။ မျက်နှာလေးက အေးချမ်းပြီး အမြဲ ပြုံးရွှင်နေလို့ ငါ့သားလေးက လိမ္မာမလားအောက်မေ့တယ်။ တစ်အိမ်လုံးကို ပြဿနာပတ်ရှာနေတယ်  ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးဆိုတာ မင်းလိုကောင်ကိုပြောတာ။

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now