Part 3

3.7K 203 78
                                    

ဦးလင်းသစ်တစ်ယောက် မနက် ငါးနာရီခွဲလောက် စောစောထပြီး သူ့ရဲ့ တစ်ဦးတည်းသော တူလေးဖြစ်သူ လပြည့်သစ္စာကို သွားကြိုမလို့လုပ်လိုက်တယ်။

"ဟာ ကားက ဘယ်လိုဖြစ်တာလဲ......"

မနေ့က သူရုံးက ပြန်လာတုန်းကတောင် အကောင်းတိုင်းရှိသေးတာကို ခုကြဘယ်လိုဖြစ်ပြီး ဘီးတွေအကုန်ပြားကပ်ကုန်တာလဲ ဆိုတာ သူစဉ်းစားရခက်နေတယ်။

"ဘယ်လိုဖြစ်တာလဲ သားလေးရဲ့ပြိုင်ကားကြလည်း ငါနဲ့အဆင်‌မပြေဘူး။ သူ့သွားနှိုးလည်း ဒီအချိန်ထမှာမဟုတ်ဘူး ဒုက္ခပါပဲ။"

"ဖိုးဖိုးလင်း!!!"

"ဟာ ထိပ်ထိပ် အစောကြီးနိုးနေပါလား"

"ကျွန်တော့်ကို ထိပ်တန်းလို့ပဲခေါ်ပါဆို..."

"ဟုတ်ပါပြီ ထိပ်တန်းရာ ဒီနေ့ ဘာကိစ္စရှိလို့လဲကွ ဒီအချိန်ကြီး အိပ်ရာထလာတာဆိုတော့။"

"ကိစ္စရှိတယ်ရယ်လို့တော့မဟုတ်ပါဘူး။ ဒါနဲ့ ဘယ်သွားမလို့လဲ။"

"အော် လပြည့်ကို အဝေးပြေးကားဂိတ်မှာ သွားကြိုမလို့ကွ။ မှတ်မိတယ်မလား သားတို့ငယ်ငယ်က တူတူဆော့ပေးတဲ့ ကိုကိုလေကွာ သားဆို ကိုကို ကိုကိုနဲ့ ပါးစပ်ကမချဘူး။"

"သားမှတ်မိတာပေါ့...ခု ကားကဘာဖြစ်လို့လဲ"

"မသိပါဘူးကွာ...ဘီးလေးလုံး လုံးပြားနေတယ်။ သွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူး။ညက သူခိုးများကပ်လားမသိပါဘူး"

"ဟာ...ဒါဆိုအိမ်မှာပဲနေပါ။ စိတ်မချရဘူးနော်...ကိုကို့ကိစ္စ စိတ်မပူနဲ့ ကျွန်တော်သွားကြိုလိုက်မယ်..."

"ဖြစ်ပါ့မလား သားက မှတ်မိလို့လား..."

"မှတ်မိတာပေါ့..သားသွားတော့မယ်နော်..."

"ဟိုကောင်လေး!!!!ဟာ ဒီကလေးကတော့ မှတ်မိပါ့မလား"

ဦးလင်းသစ် သူ့စကားဆုံးအောင်တောင် မစောင့်ပဲ ဆိုင်ကယ်မောင်ပြီး ထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီး ခေါင်းခါမိတယ်။

"ဒီကလေး စိတ်မြန်လက်မြန်နဲ့ မလွယ်ပါဘူး...မမှတ်မိရင် ရွာလည်ဦးမယ်...."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now