Part 21

2.5K 169 109
                                    

"သား....သားညီလာတာနဲ့ ဖေဖေသားကို မျက်နှာသစ်၊သွားတိုက်ပေးမယ်နော် "

ရှိန်း အိမ်ပြန်ရောက်တာ တစ်ပတ်ကျော်နှစ်ပတ်နီးနီးလောက်ရှိနေပြီ။ သူ့အတွက် အခန်းအသစ် ပြင်ပေးထားသလို ဝှီးချဲတစ်ခုလည်းရခဲ့တယ်။ ခုဆို ဝှီးချဲပေါ်မှာ ထိုင်လို့ရနေပြီလေ။သူ့ကို အိမ်ကလူတွေကပဲ ဂရုစိုက်ပေးနေကြတာ။ ဖေဖေက သူနဲ့အတူ‌နေ့တိုင်းလာအိပ်ပေးတယ်။ ဒယ်ဒီတို့ ကိုကိုတို့က သူတို့ တစ်လှည့်စီ လာအိပ်ပေးမယ်ဆိုတာလည်း ဖေဖေက လက်မခံဘူး။

ဝေယျာဝစ္စလုပ်‌ပေးဖို့ သူနာပြုတစ်ယောက်ငှားမယ်ဆိုတော့လည်း ဖေဖေကသဘောမတူဘူး။ ကျွန်တော် ရှက်မှာဆိုးလို့တဲ့လေ။ သူ့ကြောင့် ပင်ပန်းနေတဲ့ဖေဖေ့ကို ကြည့်ပြီး ရှိန်း ဝမ်းနည်းမိတယ်။ သားတစ်ယောက်ဖြစ်နေပါလျှက်နဲ့ မိဘကပြန်ပြုစုပေးနေရတာကြောင့် ရှက်လည်းရှက်မိသလို ဝမ်းလည်းနည်းမိတယ်.....

"ရှိန်း...သား ငိုနေတာလား....ဖေဖေရှိတယ်နော်...အားမငယ်နဲ့...."

သုတ ကုတင်ပေါ်ကနေ ကိုယ့်ကိုကြည့်ပြီး မျက်ရည်တွေကျနေတဲ့ သားဖြစ်သူကြောင့် စိတ်မကောင်းဖြစ်မိတယ်။ သားကိုသနားလွန်းလို့ သားလေးနေရာမှာ ကိုယ်သာဖြစ်လိုက်ရင် ကောင်းမှာပဲလို့ကို ခနခနတွေးမိတယ်....

ကျွီ.....

"ရှိန်း....ကိုကိုလာပြီနော်..."

"ထိပ်တန်းလာ...မင်းညီကို ဝှီးချဲပေါ်ရွှေ့ပေး‌ဦး......."

"ဟုတ်ကဲ့ ဖေဖေ..."

ကျွီ.....

"ရှိုင်း...လာ မင်းကိုစောင့်နေတာ.....မင်းအကိုကို လာကူလိုက်..."

"ဟုတ်ကဲ့...."

ကိုကိုနဲ့ ရှိုင်းက ကိုယ့်ကို ကုတင်ပေါ်ကနေ ဝှီးချဲပေါ်တင်ပေးနေတုန်း အခန်းတံခါးဝမှာ ချောင်းနေတဲ့ တစ်ယောက်ကို ရှိန်း တွေ့ဖြစ်အောင် တွေ့လိုက်ပါသေးတယ်။

အဲ့တာ ဘယ်သူဖြစ်ရမှာလဲ။ ဝေဟင်ပဲပေါ့။ ဝေဟင်နဲ့ ရှိုင်းရဲ့ကိစ္စကို ဖေဖေပြောပြလို့ အကုန်သိပြီးပါပြီ။ ဘာတွေ ဖြစ်ကုန်လဲဆိုတာ နားမလည်ပေမယ့် ရှိုင်းရဲ့ အကျင့်ကိုသူသိတာမို့ ဝေဟင့်အတွက်တော့ စိတ်ပူမိတယ်။ သူ့ကို ရှိုင်းက ဆေးရုံလိုက်ပို့ခဲ့တာသာဆိုရင် ရှိုင်း သူတို့ကိစ္စကို မြင်လိုက်မှာပဲ။

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now