Part 20

2.7K 159 83
                                    

"မင်းဘယ်သူလဲ...."

"အဟင့် ရှင်...ရှင်လူယုတ်မာ..."

ထိပ်တန်း သူ့ဘေးမှာငိုနေတဲ့ အမျိုးသမီးကိုကြည့်ပြီး ဘာတွေဖြစ်ကုန်တာလဲဆိုတာ နားမလည်တော့ဘူး။ ပြန်တွေးကြည့်တော့လည်း ဦးနှောက်ထဲမှာ ဝိုးတဝါးပုံရိပ်တွေကလွဲ ဘာမှသေချာမမှတ်မိဘူး....

သူမှတ်မိသလောက်က ညီလေးကိုဆေးရုံစောင့်ပေးမယ်လို့ကိုကို့ကို ပြောခဲ့ပေမယ့် ရှိုင်းစောင့်ပေးရက်မို့ သူဆေးရုံကိုမသွားခဲ့ဘူး။ နောက်တော့ သူဘားတစ်ခုကိုသွားပြီး နည်းနည်းသောက်ခဲ့တယ်။ အဲ့နောက်ပိုင်း ဘာမှမမှတ်မိတော့ဘူး.......

"ရှင်ကျွန်မကို တာဝန်ယူပါ....."

"ဘာ!"

"ဘာကို ဘာတာလဲ ရှင်ကျွန်မကို စော်ကားခဲ့တာလေ....ကျွန်မက မိန်းကလေးရှင့် အရှက်ရှိတယ် သိက္ခာရှိတယ်! ခုတော့....အဟင့်.."

ထိပ်တန်း သူ့ကိုယ်သူ ဘာလုပ်လိုက်မိမှန်းကို မသိတော့ဘူး။ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကိုလည်း မသိဘူး။ ကိုကိုသာသိရင် ဘယ်လောက်တောင် ဒေါသထွက်လိုက်မလဲ။ ကိုကို့ကို သူဘယ်လိုမျက်နှာပြရမလဲ....

"ခနလေး ခုငါတို့ကြားမှာ ဘာတွေဖြစ်သွားတာလဲဆိုတာ ပြောပြလို့ရမလား...."

"ဘယ်လို...ရှင်ကျွန်မကိုမယုံတာလား...."

"မဟုတ်ဘူးလေကွာ...ဒါပေမယ့် သေချာသိရမှဖြစ်မယ်။"

"ကောင်းပြီ ကျွန်မပြောပြမယ်...‌မနေ့က ရှင်တော်တော်မူးနေပြီး ဒီဟိုတယ်မှာ လာတည်းတာ။
ကျွန်မကလည်း ရှင်မူးနေလို့ဆိုပြီး ရှင့်ကိုကူပြီးရှင့်အခန်းထဲ လိုက်ပို့ပေးခဲ့တာ နောက်တော့....အဟင့်!"

ထိပ်တန်း စိတ်ထဲမှာ မူမမှန်တာကို ခံစားနေရတယ်။ သူပြောသွားတဲ့စကားတွေကတောင်ရောက် မြောက်ရောက်တွေ ဖြစ်တဲ့အပြင် ထိုမိန်းကလေးခန္ဓာကိုယ်မှာ ကိုယ့်ရဲ့pheromoneနံ့ တစ်စက်မှတောင်မရှိဘူး။
ဒီအခြေအနေကြီးက တစ်ခုခုတော့မှားနေပြီ ဆိုတာ သေချာတယ်။

"မင်းက ဒီကဝန်ထမ်းလား...."

"မဟုတ်ဘူး ကျွန်မကဒီမှာတည်းတဲ့သူပဲ...."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now