Part 24

2.5K 201 93
                                    

မဟာအိမ်တော်ရဲ့ မနက်ခင်းထမင်းစားပွဲမှာ လူစုံနေပေမယ့် အရင်လိုတော့ပျော်ပျော်ရွှင်ရွှင်ဟုတ်မနေပါ။ အကြောင်းအရင်းကတော့ ထမင်းစားပွဲမှာထိုင်နေတဲ့ အပိုလူနှစ်ယောက်ကြောင့်ပဲပေါ့............

ထိပ်တန်း သူနဲ့ဘေးချင်းကပ်ရပ်ထိုင်နေတဲ့ ကိုကို့ကိုကြည့်နေမိတယ်။ သူ့ကိုတစ်ချက်မှတောင်လှည့်မကြည့်ပဲ စားစရာရှိတာသာ ခေါင်းငုံ့စားနေတဲ့ကိုကိုက သူ့ကိုဘယ်လောက်တောင် စိတ်ပျက်သွားလည်းဆိုတာ မခန့်မှန်းတက်တော့ဘူး။

လပြည့် ဘေးကနေသူ့ကို ခနခန‌ကြည့်နေတဲ့ ထိပ်ထိပ်ကိုသတိထားမိပေမယ့် လှည့်မကြည့်မိအောင် ကိုယ့်ကိုယ်ကိုထိန်းထားလိုက်တယ်။ လပြည့်ခုကိစ္စတွေကို လက်လည်းမခံနိုင်သလို ထိပ်ထိပ်ကိုလည်း စိတ်တော်တော်ဆိုးတယ်။အဲ့တာတွေထက်ပိုဆိုးတာက ကိုယ့်ကိုယ်ကိုလည်းစိတ်ပျက်မိတာပဲ။ သေချာစဉ်းစားကြည့်ရင် ကိုယ်ကကလေးမွေးဖို့အခက်အခဲရှိတာကြောင့်များ ထိပ်ထိပ်က စိတ်ပျက်သွားတာလား။ အဲ့တာကြောင့်ခုလို တွေများဖြစ်သွားရတာလားဆိုတဲ့အတွေးက လပြည့်ကိုနှိပ်စက်နေတယ်။လပြည့် တောင်ရောက်မြောက်ရောက်တွေးနေမိရင်း မျက်ရည်ကဝဲတက်လာတာကြောင့် စိတ်ကိုထိန်းပြီး မျက်ရည်မကျမိအောင် တင်းခံထားလိုက်တယ်.......

"မင်းငါ့အကိုကိုဘယ်လိုမျက်လုံးမျိုးနဲ့ကြည့်နေတာလဲ!!!"

ရုတ်တရက်ထဟောက်လိုက်တဲ့ ရှိုင်းကြောင့် တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းကြီးကလူအားလုံးရဲ့အာရုံက ရှိုင်းနဲ့ရှိုင်းရဲ့အကြည့်တွေကညွှန်ပြနေတဲ့ ဟိန်းမင်းတို့ဆီကို ရောက်သွားကြတယ်...

"ဟမ်!"

ဟိန်းမင်း ရုတ်တရက်ဆန်တဲ့ အခြေအနေကြောင့် ဘာပြောရမှန်းမသိပဲ သူ့ကိုကြည့်နေတဲ့သူတွေကိုသာ တစ်ယောက်ဆီလိုက်ကြည့်နေမိတယ်.....

"ငါ....ငါဘာလုပ်မိလို့လဲ...."

"မင်းငါ့အကိုရှိန်းကို ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်နေတာလဲလို့ငါမေးနေတာ...."

ရှိုင်း အားလုံးရှေ့မှာ အပြစ်ကင်းစင်သလိုလုပ်ပြနေတဲ့ကောင်ကို ကြည့်ပြီး ဆွဲထိုးချင်စိတ်တွေ တဖွားဖွားပေါ်နေတယ်။ သူ‌မနက်စာစားနေရင်းကြည့်နေတာ အဲ့ကောင်က ရှိန်းကိုဖေဖေစွတ်ပြုတ်ခွံကျွေးနေတာကို ရွံသလိုမျိုးကြည့်နေတာ တစ်ခါတစ်လေကြပျို့တက်တဲ့ပုံတောင် လုပ်နေသေးတယ်။ ‌သူ့လိုအောက်တန်းစား အဆင့်မရှိတဲ့ကောင်ကများ ငါ့အကိုကို အထင်သေးတဲ့အကြည့်နဲ့.....

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now