Part 18

2.7K 145 85
                                    

ဒေါ်သူဇာ ဧည့်ခန်းထဲကဆိုဖာမှာ‌တောင်အေးအေးဆေးဆေး မထိုင်နိုင်ပဲ အိမ်ပေါက်ဝမှာ ဟိုဘက်လျှောက်‌လိုက် ဒီဘက်လျှောက်လိုက်လုပ်ရင်း ဦးလင်းသစ်နဲ့ဝေဟင်တို့ကို မျှော်နေမိတယ်။

"ဘာလို့အဲ့လောက်ကြာနေပါလိမ့် ဟင် ကိုလင်းသစ်!"

ဒေါ်သူဇာ ငြီးနေတုန်းပင် အိမ်ထဲကိုဝင်လာတဲ့ကိုလင်းသစ်ကြောင့် အမြန်ပဲအခြေအနေသိရအောင်မေးဖို့ ပြေးသွားလိုက်တယ်။

"ကိုလင်းသစ် ရှိန်းသုတမဟာ သေသွားပြီလား......"

"ဘာ! ဟေမာ! စကားကို ဘယ်လိုပြောလိုက်တာလဲ!!! စိတ်ရှုပ်ရတဲ့ကြားထဲ..."

"ဟမ်! ဟို...ဟို...ကျွန်မက စိတ်ပူလို့မေးကြည့်တာပါ..."

"ရှိန်းက အသက်အန္တရာယ်ကင်းပြီ..."

"ဟင်....မသေဘူးပေါ့...."

ရှိန်းမသေဘူးဆိုတာကြားတော့ ဒေါ်သူဇာစိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ ဒီကောင်လေးက သေစရာရှိမသေဘူး တော်ကြာသတိရလာမှ သူတို့ကိစ္စတွေဖော်လိုက်ရင် အမှုပတ်ဦးမယ်....ဟင်! ဒါနဲ့ ဝေဟင်မိုးသား ဘယ်ရောက်နေတာလဲ။ အဲ့ငထုံက ဆေးရုံမှာ နေခဲ့တာများလား....

"အော် ဒါနဲ့ ဝေဟင်မိုးသားက နေခဲ့တာလား...."

"အဲ့ကောင်အကြောင်းမပြောနဲ့! မင်းသားကလေ...ဟာကွာ....တောက်! ငါ့သားလေးတော်‌လှတော်လှနဲ့ ယောက်မမြင်းစီးထွက်တယ်ဆိုတာ သူ့လိုကောင်မျိုး!!!!"

ဒေါ်သူဇာ ဦးလင်းသစ်ရဲ့ စကားတွေကို နားမလည်ဘူး‌ဖြစ်နေတယ်။ ဝေဟင်မိုးသားက ဘာပြဿနာရှာလာပြန်တာလဲ.....

"ကိုလင်းသစ်ရယ် စိတ်ထိန်းပါဦး...ခုဘာဖြစ်လာတာလဲ...."

"နေစမ်းပါဦး...မင်းဒီရက်ပိုင်း မင်းသားနဲ့တတွဲတွဲဖြစ်နေတာ သူဘာဖြစ်နေလဲဆိုတာ မင်းသိတယ်မလား....သိတယ်မလားလို့ ငါမေးနေတယ်လေ!!!!"

ရုတ်တရက် ဒေါသတကြီး ထအော်တဲ့ ဦးလင်းသစ်ကြောင့် ဒေါ်‌သူဇာ လန့်ဖြန့်သွားတယ်။ ဒီအဖိုးကြီး တကယ်ဒေါသထွက်နေတာပဲ။ ဟိုကောင်ဘာမွှေလိုက်ပြန်ပြီလဲ မသိဘူး.....

"ရှင်...ရှင် ဘာတွေပြောနေတာလဲ....ကျွန်မနားမလည်ဘူး...."

"မင်းအမေတစ်ယောက်ဖြစ်နေပြီး တနေကုန်လည်းအနီးကပ်ရှိနေပါလျှက်နဲ့ ကိုယ့်သားဗိုက်ကြီးနေတာ ကိုယ်မသိဘူးလား!!!"

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now