Part 14

2.9K 147 70
                                    

"ထိပ်ထိပ်! ထိပ်ထိပ်! ထဝောာ့လို့ ကျောင်းသွားရတော့မယ်လေ...."

"အွန်း...တစ်မိနစ်!"

မျက်လုံးမဖွင့်ပဲ လက်တစ်ချောင်းထောင်ပြကာ ဟိုဘက်လှည့်သွားတဲ့ ထိပ်ထိပ်ကိုကြည့်ပြီး လပြည့် ပြုံးမိတယ်။ ကိုယ့်ကိုယ်ကို ယောကျာ်းရသွားတာလား ကလေးရသွားတာလားတောင် မသဲကွဲတော့ဘူး။ ခုတော့ ကလေးထိန်းနေရသလိုပဲ....

"ထတော့လို့....ထိပ်ထိပ်!"

"ဟာ.....ကိုကိုကလည်း တကယ်ပါပဲ ဖေဖေ့ထက် ဆိုးနေပြီ......"

အိပ်ချင်မူးတူးလေသံနဲ့ ရန်တွေ့နေတဲ့ ထိပ်ထိပ်က တကယ့်ကို ကိုယ်ငယ်ငယ်က ထိန်းလာတဲ့ ထိပ်ထိပ်လေးအတိုင်းပဲ။ တက်တူးအပြည့်ရှိတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဆူပုပ်ပုပ်ပြောနေတဲ့ ကောင်လေးကြောင့် ရီချင်စိတ်ကိုမနဲ ထိန်းထားရတယ်......

"မထတာ သေချာတယ်နော်...အဲ့တာဆို ကိုကို ‌အောက်ထပ်သွားတော့မယ်...မနက်စာစားဖို့စောင့်နေကြပြီ...."

"မသွားနဲ့!!!!ကျွန်တော်နဲ့တူတူစား..."

"အဲ့တာဆို ထ"

"ထပြီ...ဘာမှန်းကိုမသိဘူး...."

"အာ့! ဘာလုပ်တာလဲ ထိပ်ထိပ်! လွှတ်လို့...."

"မျက်နှာသစ်၊သွားတိုက်ပြီး ရေချိုးမလို့..."

"အော် ဒုက္ခပါပဲ ထိပ်ထိပ်ရယ်...."

သူ့ဟာသူ ရေချိုးခန်းထဲ ဝင်တာကို လူကိုပါ အတင်းဆွဲခေါ်သွားတာကြောင့် ကိုယ့်မှာ အလန့်တကြား ဖြစ်ရသေးတယ်.....

"ထိပ်ထိပ်!!!!!ဘာလုပ်တာလဲ....ဖယ် အောက်ဆင်းမလို့...."

ဆက်ခနဲ ကောက်ချီပြီး ဘေဇင်ဘောင်ပေါ် တင်ပေးလိုက်တော့ အလန့်တကြားထအော်တဲ့ ကိုကိုက တကယ်ကို အသဲယားစရာလေး.....

"ထိပ်ထိပ် ဖယ်လို့..."

"သွားတိုက်ပေး...."

"ပေါက်ကရ ထိပ်ထိပ်ရယ်...."

"နော်လို့...."

"ကဲ ကျောင်းနောက်ကျလိမ့်မယ်..."

"ကိုကို သွားမတိုက်ပေးရင် ကျောင်းမသွားဘူး...."

"တိုက်ပေးမယ် ဟုတ်ပြီလား...."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now