Unicode
''တီတောင်...တီတောင်''
ခြံရှေ့ကအဆက်မပြတ်ဘဲလ်သံကြောင့်အိမ့်မှူးဝေတစ်ယောက်အိမ်ထဲမှအပြေးတစ်ပိုင်းထွက်လာခဲ့လိုက်၏။
သူမလူတကိုယ်စာထွက်လို့ရတဲ့တံခါးပေါက်လေးကိုဖွင့်ကြည့်လိုက်တော့luggageကြီးဆွဲကာခြံရှေ့မှာရပ်နေသောမိန်းကလေးကိုအမြင်မှာတအံ့တသြဖြင့်
''ငွေ့ရည်''
''hiသူငယ်ချင်း''
''လာလာ အိမ်ထဲအရင်ဝင်ခဲ့''
''အင်း''
အိမ့်မှူးကငွေ့ရည်အားအိမ်ထဲခေါ်ခဲ့ပြီးမှ
''ထိုင် ကဲ ပြောစမ်းပါဦး ဘယ်ကနေဘယ်လိုရောက်လာတာလဲ''
''ငါအိမ်ပေါ်ကဆင်းလာတာ''
''အမ် ဘာဖြစ်လို့လဲ''
''ငါ့အဖေကသူ့နောက်မိန်းမကိုအိမ်ပေါ်ခေါ်တင်လာပြီလေ အဲဒါကြောင့် ငါနင့်အိမ်မှာနေလို့ရတယ်မလားဟင်''
''နေလို့ကရပါတယ် ဒါပေမယ့်ငါ့အစ်ကိုကအရမ်းစည်းကမ်းတင်းကြပ်တာနော် နင်နေနိုင်ပါ့မလား''
''ငါနေနိုင်ပါတယ် ဘာမှမပူနဲ့''
''ဒီကိစ္စကိုထားထားရောသိလား''
''မသိဘူး''
''အေးပါ နင်ကငါ့ကိုဘာမှကြိုမပြောတော့ငါဘာမှမစီစဥ်ထားရဘူး လောလောဆယ်ငါ့အခန်းမှာနေလိုက်နော်''
''ok''
''ကဲလာ''
ငွေ့ရည်ထိုင်ရာမှထရပ်လိုက်ပြီးမှနံရံမှာချိတ်ထားသောဓာတ်ပုံကိုကြည့်ကာ
''အံမယ် ရုပ်တည်ကြီးနဲ့ ဒါကြီးကိုထားထားကဘာတွေကြွေနေလဲမသိဘူး''
ထိုဓာတ်ပုံပိုင်ရှင်ကအိမ့်မှူးရဲ့တစ်ဦးတည်းသောအစ်ကိုဖြစ်တဲ့သဝဏ်ပါပဲ။
သူမရယ်ထားထားရယ်အိမ့်မှူးရယ်ကတက္ကသိုလ်ရောက်မှခင်ကြပေမယ့်ငယ်ပေါင်းကြီးဖော်တွေလိုအတွင်းသိအဆင်းသိခင်ကြတာပင်။သူမကတော့အဖေတစ်ခုသမီးတစ်ခုဖြစ်ပြီးအတော်လေးပြည့်စုံချမ်းသာ၏။
အိမ့်မှူးကတော့မိဘတွေမရှိတော့ပဲအစ်ကိုဖြစ်သူရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းနေရသူဖြစ်သည်။
အိမ့်မှူးတို့ကလည်းသူမတို့နည်းတူပြည့်စုံချမ်းသာပြီးလူကုံထံအသိုင်းအဝိုင်းကဖြစ်၏။
သူမအစ်ကိုကလည်းစားဖိုမှူးတဲ့လေ။