🌺Part.10🌺

3.3K 65 0
                                    

Unicode

ငွေ့ရည်အခန်းထဲရောက်တော့ထားထားကမအိပ်သေးပဲကုတင်ပေါ်မှာခြေချထိုင်နေပြီးသူမကိုတွေ့တာနဲ့ချက်ချင်းထရပ်ကာ

''နင်နဲ့အစ်ကိုကအခြေအနေတွေအရမ်းတိုးတက်နေတာပဲ အဖက်တောင်ခံပြီးမှတော့ဘာလို့နမ်းတာကိုမှငြင်းနေရတာလဲ''

''နင် နင်တွေ့လိုက်တာလား''

''အေး အိမ့်မှူးအခန်းထဲကထွက်သွားလို့ငါလည်းသူ့နောက်ကလိုက်ခဲ့တာ နင်နဲ့အစ်ကို့ရဲ့အခြေအနေကိုမြင်တာနဲ့ ငါလည်းချက်ချင်းအပေါ်ပြန်တက်ခဲ့လိုက်တာ''

''ငါ...''

''ကိစ္စမရှိပါဘူး နင်တို့ဘယ်အခြေအနေပဲရောက်ရောက်ပါ တစ်ခုတော့ရှိတယ် အဆုံးသတ်မှာဘယ်ဘိုဖြစ်မလဲဆိုတာဘယ်သူမှမသိနိုင်တာ''

''ထားထား''

''ကိုယ့်သူငယ်ချင်းကြိုက်နေတဲ့သူကိုကပ်ရဲတဲ့နင့်စိတ်ဓာတ်ကိုတော့ငါတစ်ကယ်လေးစားမိတယ်''

''ငါကကပ်တာမဟုတ်ဘူး နင့်လူကြီးကိုကကပ်နေတာ နင်မမြင်ဘူးလား''

ထားထားကအံကိုခပ်တင်းတင်းကြိတ်၍

''အေးပါ ငါဘာမှမပြောတော့ဘူး''

ပြောပြီးထားထားကအိပ်ရာပေါ်တက်ကာသူမကိုကျောပေး၍လှဲအိပ်သွားလေ၏။
ငွေ့ရည်လည်းသက်ပြင်းသဲ့သဲ့ချရင်းကုတင်မှာဝင်ထိုင်လိုက်သည်။

သူမကိုကြီးနဲ့​ဝေးဝေးနေသင့်ပြီလား။

___________

'''ဒီကလေးတွေကတော့ ခုထိမလာကြသေးဘူးလား''

သဝဏ်ကားနားမှာရပ်ကာနာရီကိုကြည့်လိုက်အိမ်ထဲလှမ်းကြည့်လိုက်နှင့်အလုပ်ရှုပ်နေသည်။

''ကလေးပီပီဟန်ချီချီသွက်သွက်လက်လက်လုပ်ကြမယ်မရှိဘူး''

သူရေရွတ်နေတုန်းငွေ့ရည်တို့လေးယောက်ကိုယ့်အထုပ်ကိုဆွဲကာအလျှိုလျှိုရောက်လာကြလေသည်။

''မြန်မြန်လာကြပါ တုံ့နှေးတုံ့နှေးနဲ့''

ပါးစပ်ထက်မြန်သောလက်ကစင်္ကြာနဲ့အိမ့်မှူးထဲကအထုပ်တွေကိုဆွဲယူကာကားနောက်ခန်းထဲပစ်ထည့်လိုက်၏။

🌺My cutie baby🌺[completed]Where stories live. Discover now